Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ ကားအစီး ၅၀ ဆင့်တိုက်ပြီး ၂ ဦးသေ

ဂျပန်မှာ ကားအစီးရေ ၅၀ ကျော်လောက် ဆင့်တိုက်ခဲ့ရာက လူ ၂ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - NHK, JIJI

ဂျပန်မှာ ကားအစီးရေ ၅၀ ကျော်လောက် ဆင့်တိုက်ခဲ့ရာက လူ ၂ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

တိုကျိုမြို့တော် မြောက်ပိုင်းမှာရှိတဲ့ ဂွန်မာမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဟာ ဂျပန်မှာ ကြုံဖူးသမျှ အဆိုးဆုံး အစုလိုက် အပြုံလိုက် ယာဉ်တိုက်မှု တစ်ခုလို့လည်း ယုံကြည်ရပါတယ်။

ကန်-အတ်ဆု အဝေးပြေး လမ်းမပေါ်မှာ ညပိုင်းအချိန် ထရပ်ကားနှစ်စီး တိုက်မိခဲ့ရာက နောက်မှာ ပါလာတဲ့ ကားတွေပါ ထပ်ဆင့် ဝင်တိုက်ကုန်ကြတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းဟာ နည်းနည်းလေး ကွေးနေတဲ့ နေရာကနေအလွန် တဖြောင့်တည်း ဖောက်ထားတဲ့ လမ်းလို့လည်း ဆိုပါတယ်။ ယာဉ်တိုက်မှုမှာ ကားပေါင်း ၅၇ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ၁၀ စီးက မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မီးတွေအားလုံးကိုတော့ ယာဉ်တိုက်မှုအပြီး ၇ နာရီခွဲလောက် ကြာပြီးမှ ငြှိမ်းသတ်ပြီးစီးခဲ့ပါတယ်။ ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အခါ အခင်းဖြစ်တဲ့ နေရာမှာ ရုပ်အလောင်း ၂ ခုကို ရှာတွေ့ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၂၆ ဦးထဲက ၅ ဦးရဲ့ အခြေအနေက ပြင်းထန်ကြောင်း ရဲတွေက ပြောပါတယ်။

ယာဉ်တိုက်မှု ဖြစ်ခဲ့ချိန်က နှင်းတွေ ထူထူထပ်ထပ် ကျရောက်နေပြီး လမ်းချော်နေသလို မြင်ကွင်းကလည်း မရှင်းတာကြောင့် ယာဉ်တိုက်မှုက ပိုပြီး အတိုင်းအတာ ကြီးမားသွားခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။ အထူးသဖြင့် လမ်းချော်နေခြင်းက အရှိန်နဲ့ မောင်းလာတဲ့ ကားတွေကို ဘရိတ်အုပ်ဖို့ ပိုခက်ခဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုအပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းထိ အဲဒီ အဝေးပြေး လမ်းပိုင်းကို ပိတ်ထားရဆဲ ဖြစ်ပါတယ်။ မျက်မြင်တွေကတော့ တာဝန်ရှိသူတွေဟာ မောင်းလို့မရတော့တဲ့ ကားတွေကို ထရပ်ကားကြီး နှစ်စီးပေါ် တင်ပြီး စတင်ရွှေ့ပြောင်းနေတယ်လို့ ပြောပါတယ်။

လမ်းကြောတလျှောက်ကို ရှင်းလင်းဖို့အတွက် အချိန်ယူရဖွယ်ရှိပြီး အဝေးပြေးလမ်းကို ပြန်ဖွင့်နိုင်ဖို့ အဆောတလျင် ကြိုးစားနေကြောင်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ