Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ကယ်ဆယ်ထားတဲ့ မြောက်ကိုရီးယား လှေငယ်နဲ့ အဖွဲ့သားတွေကို တောင်ကိုရီးယား ပြန်လွှဲပေး

လှေငယ်တစ်စီးနဲ့ ပင်လယ်ထဲ မျောပါနေခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံသား ၆ ဦးကို တောင်ကိုရီးယားက ကယ်ဆယ်ပြီး နေရပ်ဆီ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - South Korean Unification Ministry

လှေငယ်တစ်စီးနဲ့ ပင်လယ်ထဲ မျောပါနေခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံသား ၆ ဦးကို တောင်ကိုရီးယားက ကယ်ဆယ်ပြီး နေရပ်ဆီ ပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

လူ ၇ ဦးပါတဲ့ ငါးဖမ်းလှေဟာ တောင်ကိုရီးယားပိုင် အူလီယွန်ကျွန်းရဲ့ အရှေ့ဖက် နိုင်ငံတကာ ရေပိုင်နက်ထဲမှာ မျောပါနေတာကို နိုဝင်ဘာ ၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့နောက် တောင်ကိုရီးယား စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်က ကမ်းခြေဆီ ဆွဲယူခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ အဲဒီ ငါးဖမ်းလှေကို အဖွဲ့သား ၆ ဦးနဲ့အတူ နှစ်နိုင်ငံ ရေပိုင်နက် နယ်ခြားစည်းနားထိ ပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လှေပေါ်ပါလာသူတွေထဲက တစ်ဦးကတော့ ဆန္ဒအလျောက် တောင်ကိုရီးယားမှာပဲ နေခဲ့တယ်လို့လည်း သိရပါတယ်။

ငါးဖမ်းလှေဟာ နယ်စပ်ရေပြင်ကို ကျော်လွန် ခုတ်မောင်းသွားပြီးတဲ့နောက် အသင့်စောင့်နေတဲ့ မြောက်ကိုရီးယား ရေယာဉ်တစ်စီးနဲ့ ပေါင်းဆုံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ထားသူ ၇ ဦးကို ကုလသမဂ္ဂ (UN)ရဲ့ အရာရှိတွေနဲ့ ပူးပေါင်းပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း၊ ၆ ဦးက နေရပ်ပြန်ချင်တယ်ဆိုတာ သေချာတဲ့အတွက် သူတို့ရဲ့ ဆန္ဒအတိုင်း ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကျန်ခဲ့တဲ့ တစ်ဦးကိုတော့ မြောက်ကိုရီးယား ပြည်ပြေးတွေအတွက် အခွင့်အရေးတွေနဲ့အညီ အကာအကွယ် ပေးသွားမယ်လို့ ဆိုပါတယ်။

သင်္ဘောသားတွေကို ပြန်လွှဲပေးမယ့် အကြောင်းကို မြောက်ကိုရီးယားဆီ ကြိုတင်ဆက်သွယ် အသိပေးခဲ့သလို လုပ်ဆောင်မှု အဆင့်တိုင်းကိုလည်း နိုင်ငံတကာ ရေကြောင်း ဆက်သွယ်ရေး ကွန်ရက် စံနှုန်းတွေနဲ့အညီ အကောင်အထည် ဖော်ခဲ့ကြောင်း တောင်ကိုရီးယားဖက်က ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားတွေကို နိုင်ငံသားတွေအဖြစ်ပဲ သတ်မှတ်ထားပြီး ဆန္ဒအလျောက် ခိုလှုံလာသူတွေကို ကာကွယ်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဇွန်လထိ အခြေအနေအရ တောင်ကိုရီးယားမှာ ရောက်ရှိခိုလှုံနေသူ မြောက်ကိုရီးယား နိုင်ငံသား ၃၁၅၀၀ လောက် နေထိုင်နေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ