Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့လယ်ကောင်မှာ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သူတွေက လူတစ်ဦးကို ထပ်သတ်ဖြတ်

မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူ ကိုဇော်မိုးအောင်ရဲ့ နာရေးဖိတ်စာကို တွေ့ရစဥ်

ဒီဇင်ဘာ-၃၁၊ ၂၀၂၅။ အိမ်သွင်/People’s Spring

မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ လူအုပ်စုက သူတို့ဖမ်းသွားတဲ့ အမျိုးသားကိုလည်း သတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဒေသခံတွေကြောက်ရွံ့ထိတ်လန့်ခဲ့တဲ့ ဒီဖြစ်ရပ်က ဒီဇင်ဘာ ၂၅ရက် ခရစ္စမတ်ညက ဖြစ်ပွားခဲ့တာပါ။

အသက် ၄၀ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အပြန် အမျိုးသားခြောက်ဦးက တားဆီးရိုက်နှက်ပြီး ၂၁နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို လမ်းမှာထားခဲ့ပြီး လမ်းသွားလမ်းလာကားတစ်စီးကိုလည်း သေနတ်နဲ့ပစ်တားဆီးခဲ့ပါတယ်။ ပြီးတော့ ကားမောင်းလာတဲ့ ကိုဇော်မိုးအောင်ကို ကားနဲဲ့ဖမ်းခေါ်သွားတာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့ ဒီဇင်ဘာ ၃၁ရက်မှာတော့ ကိုဇော်မိုးအောင် သေဆုံးသွားပြီလို့ မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

“ကားပြန်မရဘူး။ ရုပ်အလောင်းပြန်တွေ့တာ။ လုံးဝကို လက်မခံနိုင်စရာပဲ”လို့ ကိုဇော်မိုးအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ကိုဇော်မိုးအောင်ဟာ မြစ်ကြီးနားမြို့၊ တပ်ကုန်းတောင်ရပ်ကွက်မှာ နေထိုင်ပြီး ကလေးသုံးဦးရဲ့ဖခင်ဖြစ်ပါတယ်။ ကိုဇော်မိုးအောင်ရဲ့နာရေးကို မြစ်ကြီးနားမြို့က ရာဒါကောင်းသုဿာန်မှာ မနက်ဖြန်ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။

စစ်ကောင်စီက သူတို့ပြုလုပ်နေတဲ့ ရွေးကောက်ပွဲအကြောင်းပြပြီး မြစ်ကြီးနား မြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားချိန်မှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုနဲ့ ကားလုယက်လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

မြို့ခံတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိနေတဲ့သူတွေကတော့ စစ်တပ်ကလို့ ကျန်တဲ့သူတွေ ကျူးလွန်နေတဲ့ပုံစံ ပြောဆိုနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ