Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တစ်လအတွင်း ပြည်သူ ၂ဒါဇင်ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနဲ့ ပြည်သူ ၂၆ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးခဲ့ရသူတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet Informational Network

ဇန်နဝါရီ-၁၊ ၂၀၂‌၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနဲ့ ပြည်သူ ၂၆ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂ရက်၊ ၁၃ရက်၊ ၁၆ရက်ကနေ ၁၉အထိ လေးရက်ဆက်၊၂‌၃ရက်၊ ၂၄ရက်၊ ၂၇ရက်၊ ၂၉ရက်ကနေ ၃၁ရက်အထိ သုံးရက်ဆက် စုစုပေါင်း ၁၂ ရက်မှာ ဂျက်ဖိုက်တာ၊ အသေခံဒရုန်းတွေနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

ဒီဇင်ဘာ၂ ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြ‌ည်သူ ၅ဦးသေဆုံး၊ ၅ဦးဒဏ်ရာရ၊ နေအိမ် ၅လုံး ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ‌ ၁၃ ရက်မှာ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက်အနီးကို တံတားဦးလေတပ်ကပဲ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ၊ နေအိမ် ၈လုံး ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ရက် စစ်တပ်လေကြောင်းတိုက်ခိုက်မှုမှာလည်း ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကို ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတချို့ရှိခဲ့ပြီး ကား ၃စီး မီးလောင်၊ ကား ၃စီး ဗုံးစထိမှန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဆည်တောရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၄ဦး သေဆုံး၊ ၅ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကား ၁စီး မီးလောင်ပြီး ၂စီး ဗုံးစမှန်ခဲ့သလို နေအိမ် ၃လုံးလည်း ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ရက်မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိပ်ရွာထဲကို Suicide အသေခံဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၉ ရက်မှာ ထုံးဘို တောင်ဘက် သန်းကုန်းတောတိုက်ထဲကိုပဲ ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးထိခိုက်ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချာင်းရွာထဲကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၅ဦး စုစုပေါင်း ၇ဦး သေဆုံးပြီး ၆ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကား ၄စီး မီးလာင်ခဲ့တဲ့အပြင် နေအိမ် ၄လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ဝက်လက်မြို့ အနောက်ဘက် လိန်ပင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ ပြည်သူ အမျိုးသမီး ၂ဦး သေဆုံးပြီး အမျိုးသမီး ၃ဦးနဲ့ အမျိုးသား ၁ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိလည်း ရှိမ်းမကားရဲစခန်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ မြောက်ဘက်က ခမရ-၁၂ ကထွက်လာတဲ့ စစ်ကြောင်းတွေဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ နေတာမို့ ပြည်သူ ထောင်နဲ့ချီ ထွက် ပြေးနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook