အောက်တိုဘာ-၂၀၊ ၂၀၂၆။ဟာနာဆန်၊ဂျွန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ၂၀ ရက်နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးဟာ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့်ဒေသခံ အမျိုးသမီး ၆ဦးသေဆုံးသွားကြောင်းဒေသခံကိုဇင်မင်းသန်းက ပြောပါတယ်။
“အိမ်က၄ယောက်သေဆုံးပြီး နောက်အိမ်တစ်အိမ်က၂ယောက်သေဆုံးပြီး ၁ယောက်ဒဏ်ရာရတာပါ”လို့ ကိုဇင်မင်းသန်းကပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အမျိုးသမီး ၁ဦးလည်း ဒဏ်ရာရှိပြီးနေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးတွေဟာ ၄၁ နှစ်အရွယ် ၁ဦး၊ ၁၇နှစ်အရွယ် ၁ဦး၊ ၁၅နှစ်အရွယ် ၁ဦး၊ ၁၃နှစ်အရွယ် ၁ဦးတို့ဟာသားအမိ ၄ဦး မိသားစုလိုက် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အခြား ၂၂နှစ်အရွယ်နဲ့ ၁၇နှစ်အရွယ် အမျိုးသမီး ၂ ဦးကလည်းညီအမ ၂ဦးဖြစ်ကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုအောက်တိုဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက်၊ အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။
အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။
အောက်တိုဘာ ၅ ရက်က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။




















































