Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နဲ့ တွေ့ဆုံချိန်မှာ ရှီလက်ဆောင်ပေးဖူးတဲ့ ဖုန်းနဲ့ selfie ဓာတ်ပုံရိုက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ

တရုတ် သမ္မတ ရှီကျင့်ဖျင် အရင်က လက်ဆောင်ပေးထားတဲ့ စမတ်ဖုန်းကို သုံးပြီး တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ရှီနဲ့အတူ selfie ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ရှီက လက်ဆောင်ပေးခဲ့ချိန်မှာ လီက သူလျှို appတစ်ခုခု ထည့်ထားသေးသလားလို့ နောက်ပြောင်ခဲ့တာကြောင့် လူသိများခဲ့တဲ့ Xiaomi စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင် အရင်က လက်ဆောင်ပေးထားတဲ့ စမတ်ဖုန်းကို သုံးပြီး တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ရှီနဲ့အတူ selfie ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ရှီက လက်ဆောင်ပေးခဲ့ချိန်မှာ လီက သူလျှို appတစ်ခုခု ထည့်ထားသေးသလားလို့ နောက်ပြောင်ခဲ့တာကြောင့် လူသိများခဲ့တဲ့ Xiaomi စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့တုန်းက ဘေဂျင်းမှာ ရှီနဲ့ တွေ့ဆုံတဲ့အခါ လီက အဲဒီ Xiaomi ဖုန်းကို သုံးပြီး သူ့ကိုယ်သူရော၊ ရှီနဲ့ တွဲဖက်ပြီးရော၊ သူတို့နှစ်ဦးရဲ့ ဇနီးတွေနဲ့ပါ selfie ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ အဲဒီထဲက ဓာတ်ပုံ သုံးပုံကိုလည်း လီက လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပါတယ်။

ပြီးတော့ သမ္မတရှီ၊ သမ္မတ ကတော်တို့နဲ့အတူ selfie ဓာတ်ပုံ ရိုက်ခဲ့ကြောင်း၊ အဲဒီဓာတ်ပုံတွေကို ဂျောင်ဂျူးမှာတုန်းက ရှီက လက်ဆောင်ပေးခဲ့တဲ့ Xiaomi ဖုန်းနဲ့ ရိုက်ခဲ့တာဖြစ်ကြောင်းလည်း လီက ရေးသားထားခဲ့ပါတယ်။ ဒီဖုန်းကြောင့် သူ့ဘဝမှာ ပြောစမှတ် တွင်နေမယ့် selfie ဓာတ်ပုံကို ရိုက်ခွင့် ရခဲ့တယ်လို့လည်း လီက ဆိုပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ သမ္မတနှစ်ဦးရော၊ သမ္မတကတော်တွေပါ ပြုံးပြုံးရွှင်ရွှင် ရှိနေခဲ့တာကို တွေ့ရပါတယ်။ လီဟာ တရုတ်နဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ဘေဂျင်းကို ဇန်နဝါရီ ၄ ရက်နေ့မှာ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လီကိုင်ဆောင်ထားခဲ့တဲ့ Xiaomi ဖုန်းကိုတော့ မနှစ်က နိုဝင်ဘာလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ရဲ့ ထိပ်သီးညီလာခံ တက်ရောက်ချိန်မှာ ရှီက လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ဖုန်းထဲမှာ သူလျှို app တစ်ခုခု ပါနေနိုင်သလားလို့ လီက အရွှန်းဖောက်ခဲ့ပြီး ရှီကလည်း စစ်ဆေးကြည့်လို့ ရပါတယ်လို့ ခပ်တည်တည် ပြန်နောက်ပြောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လီက ရှီဟာ ထင်မထားလောက်အောင် ဟာသဉာဏ် ရွှင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတွေ အချင်းချင်းကြားမှာ လျှို့ဝှက်ထောက်လှမ်းတဲ့ သူလျှိုလုပ်ငန်းတွေဟာ ထိလွယ်ရှလွယ် ကိစ္စမျိုး ဖြစ်ပေမယ့်လည်း ရှီနဲ့ လီတို့က ဟာသအဖြစ် ပေါ့ပေါ့ပါးပါး နောက်ပြောင် ပြောဆိုခဲ့ကြတာပါ။

ဇန်နဝါရီ ၅ ရက်နေ့က နှစ်ဦးကြား တစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးခဲ့ကြတဲ့ အခါမှာတော့ ရှီက ပိုပြီး ရှုပ်ထွေးလာတဲ့၊ မှန်းဆရခက်လာတဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ မှန်ကန်တဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေ လုပ်ဆောင်ဖို့အတွက် တရုတ်နဲ့ ပူးပေါင်းသင့်ကြောင်း လီကို ဖိတ်ခေါ်ခဲ့ပါတယ်။

တောင်ကိုရီးယားဟာ သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်က တရုတ်နဲ့ ဆက်ဆံရေး သိသိသာသာ အေးခဲ တင်းမာလာခဲ့ပေမယ့် မနှစ်က အာဏာရလာချိန်ကစပြီး လီက တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ အလေးအနက် အားထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ