Connect with us

Hi, what are you looking for?

သတင်း

KIAရဲ့ ဗန်းမော်မြို့သိမ်းထိုးစစ် မြို့တွင်းနေရာအများအပြား တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့(ဇန်နဝါရီ ၁၄ရက်)မှာထိုးစစ်ဆင်မှု ထပ်မံပြုလုပ်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာလဆန်းက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး မပြီးမြောက်သေးတဲ့အတွက် KIA ပူးပေါင်းတပ်ဟာ အကြိမ်ကြိမ်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း ဗန်းမော်မြို့မှာတိုက်ပွဲတွေ ငြိမ်သက်နေပြီးဒီမနက်မှ ထိုးစစ် ပြန်စတင်တာလို့ ပြောပါတယ်။

“စကခ-၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို ဝင်တိုက်နေတယ်။ ၆၄၁၊ ၄၇(စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ ခြေလျင်တပ်ရင်း)နဲ့ မြို့တွင်းမှာ ပြင်းထန်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ယနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တနေ့ကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်နေရာအချို့ သိမ်းရထားတယ်လို့လည်း ပြောပါတယ်။

“မြို့တွင်းနေရာအချို့ထပ်ရထားတယ်လို့ ကြားတယ်”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ဒီကနေ့ ညပိုင်းမှာပြောပြပါတယ်။ စစ်ရေး အခြေအနေတွေ ဆက်လက်စုံစမ်းမေးမြန်းနေဆဲပါ။

KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကိုလည်း ဗန်းမော်တိုက်ပွဲ အခြေအနေကို မေးမြန်းထားဆဲပါ။

စစ်ကောင်စီဘက်ကလည်း ဒီကနေ့ တိုက်ပွဲမှာ လေကြောင်းပစ်ကူပေး တုန့်ပြန်ခဲ့ရာ ဒီကနေ့ လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ရှိပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းနိုင်ရေးအတွက် ၂၀၂၅ ဒီဇင်ဘာ ၂၅ရက်ကလည်း စစ်ကောင်စီ တပ်နေရာတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ရက်အနည်းငယ် ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။