Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတိုက်ပွဲ နှစ်ဘက်ထိခိုက်ကျဆုံးမှုများ

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ ‌စုံစမ်းသိရပါတတယ်။

ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်။ ။ဓါတ်ပုံ-CJ

ဇန်နဝါရီ၁၇၊၂၀၂၆၊ရှိန်း/ People’s Spring

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ ‌စုံစမ်းသိရပါတတယ်။

ဇ‌န်နဝါရီလ ၁၆ ရက်‌နေ့ က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာကနေ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံဘက်ကို စစ်တပ်က အင်အား၂၀၀ ခန့်နဲ့စစ်ကြောင်းထိုးလာလို့ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာပါ။

ချဉ်ပစ်ခုံဈေးတန်းကို စစ်တပ်က ပစ်ခတ်စီးနင်းစဉ် တိုက်ပွဲဖြစ်ခဲ့ပြီး ကောလင်းခရိုင်တပ်ရင်း(၁)က တပ်ခွဲမှူးကျဆုံးခဲ့ပါတယ်။ ဒါအပြင်ဒေသခံအမျိုးသားတစ်ဦးကိုလည်း စစ်တပ်က ​သေနတ်နဲ့အချက်​ရေအများကြီးပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်ပြင်တဲ့ အမျိုးသားတယောက်ကတော့ တော်တော်ကို စုတ်စုတ်ပြတ်ပြတ်ရစရာမရှိအောင် အပစ်ခံထားရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းသာတောင်မော်ရွာထဲကိုထပ်မံဝင်ရောက်ခဲ့ပြီး လမ်းခုလတ်မှာ တော်လှန်ရေးတပ်တွေက ဖြတ်တိုက်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်က သေဆုံးသူများခဲ့ပြီး ဝန်းသိုမြို့နယ်ပကဖရဲဘော်၇ ဦးနဲ့ ကောလင်းမြို့နယ်က ပကဖ ၁ ဦးလည်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“​ေးဘက်က သေတာတော်တော်များတယ်။ ပြောက်ကျားစစ်ရဲ့သဘောကိုမှန်းကြည့်ပါ။ အသေးစိတ်မပြောချင်သေးဘူး”လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်ည၇နာရီ ကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းဟာ တောင်မော်ရွာထဲမှာ တပ်စွဲထားပါတယ်။

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ တောင်မော်ရွာဒေသခံတွေ ထွက်ပြေးနေကြရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာပြီးခဲ့တဲ့ဒီဇင်ဘာလကကာကွယ်ရေးတပ်တွေသိမ်းယူထားတဲ့သစ်ဖုလတောင်ကိုဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ သစ်ဖုလ​တောင် စခန်းသိမ်းတိုက်ပွဲမှာ ဝန်သိုက​နေ စစ်ကူလာတဲ့စစ်တပ်​စစ်​ကြောင်းကိုလည်း PDF ၊ ပကဖ နဲ့ မ​ဟာမိတ်တပ်​တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်​ကြောင်းပျက်သွားခဲ့ပါတယ် ။ဒါအပြင် စစ်သားအချို့ကို PDF ​တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်၊ ကောလင်း၊ဝန်းသိုနဲ့ မော်လူးမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၀ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေက ပြောပါတယ်။

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

Facebook