Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာကြီးက ငြင်းဆန်ဖို့လိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

အာဏာသိမ်း စစ်တပ်က ခြယ်လှယ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာကြီးက အခိုင်အမာ ငြင်းဆန်ကြဖို့ လိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားသွားပါတယ်။

(မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်။ဓါတ်ပုံ-AP)

ဇန်နဝါရီ-၂၄၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်တပ်က ခြယ်လှယ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာကြီးက အခိုင်အမာ ငြင်းဆန်ကြဖို့ လိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားသွားပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က စစ်တပ်ဟာ အပေါင်းအပါ မဟာမိတ်ပါတီ တစ်ခုတည်းသာ သောင်ပြိုကမ်းပြို အနိုင်ရနိုင်အောင် ရွေးကောက်ပွဲကို မရိုးမသား စီစဉ်ထားတယ်လို့ ဇန်နဝါရီ ၂၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သူနဲ့ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေက မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို အဓမ္မ ဖယ်ရှားပြီး သိမ်းယူခဲ့တဲ့ နိုင်ငံအာဏာကို တရားဝင် အသိအမှတ်ပြု ခံရအောင် ရွေးကောက်ပွဲအတု ကျင်းပဖို့ ကြိုးစားနေတာလို့လည်း စွပ်စွဲထားကြပါတယ်။

Public Service Announcement

Public Service Announcement

အပိုင်းသုံးခုခွဲ ကျင်းပနေပြီး ဇန်နဝါရီ ၂၅ ရက်နေ့မှာ နောက်ဆုံးအပိုင်း မဲပေးမှုတွေကို စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအများ လေးစား ယုံကြည်တဲ့ နိုင်ငံရေးသမားတွေ၊ ပါတီတွေကို ပိတ်ပင်ထားသလို အခြေခံ အခွင့်အရေးတွေကို ဖိနှိပ်တာ၊ မီဒီယာတွေကို အသံတိတ်အောင် ဖိအားပေးတာတွေပါ လုပ်ပြီးလုပ်ဆောင်နေတာလို့အန်ဒရူးစ်ကဆိုပါတယ်။ နောက်ပြီး စစ်တပ် အလိုကျ ရွေးကောက်ပွဲဆီ မဲသွားမပေးချင်တဲ့ ပြည်သူတွေကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ပြီး မဲပေးစေတာတွေ ရှိခဲ့ကြောင်း အန်ဒရူးစ်က ပြောပါတယ်။

သူ့ရဲ့ထုတ်ပြန်ချက်မှာတော့ အန်ဒရူးစ်က အာဏာသိမ်း စစ်တပ်ဟာ အရပ်သား အဝတ်ပြောင်းဝတ်ပြီး စစ်တပ်ဆက်အုပ်စိုးမယ့် အခြေအနေကို ကမ္ဘာကြီးက လက်ခံလာအောင် လှည့်စားဖို့ ကြိုးစားနေတာလို့ ဖော်ပြထားခဲ့ပါတယ်။ ဒီကိစ္စမျိုးကို လုံးဝ အဖြစ်မခံဘဲ အစိုးရအသီးသီးကငြင်းပယ်ကြဖို့ အရေးကြီးကြောင်းလည်းသူကဆိုခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီဝင် အမေရိကန် လွှတ်တော်အမတ်ဟောင်း အန်ဒရူးစ်က ဇန်နဝါရီ ၂၅ ရက်နေ့၊ ရွေးကောက်ပွဲ တတိယနေ့ ပြီးဆုံးသွားရင် ရွေးကောက်ပွဲကို အကြောင်းပြုပြီး တင်းကျပ်ခံထားရတဲ့ မြန်မာ ပြည်သူတွေအတွက် စိတ်သက်သာရာတစ်ခု ရသွားလိမ့်မယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲကြို ကာလကတည်းက လူထုဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်ရင်၊ ဒါမှမဟုတ် ပါဝင်ဖို့ ပျက်ကွက်ရင် နှစ်ရှည်ထောင်ဒဏ် ချခံရမယ် ဆိုတာမျိုး ခြိမ်းခြောက်မှုတွေ၊ အကျပ်ကိုင်မှုတွေနဲ့ကြုံနေခဲ့ရကြောင်းလည်းအန်ဒရူးစ်က မှတ်ချက်ပေးခဲ့ပါတယ်။ စစ်လေယာဉ်တွေက ကျေးရွာတွေကို ဗုံးကြဲနေတဲ့ အချိန်မှာပဲ စစ်တပ်အာဏာပိုင်တွေက ပြည်သူတွေကိုမဲရုံတွေဆီအဓမ္မ မောင်းသွင်းနေခဲ့တယ်လို့ အန်ဒရူးစ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံအများအပြားကတော့ရွေးကောက်ပွဲဟာ စစ်တပ်က မရိုးမသား လှည့်စားထားတဲ့ အကြံအစည် တစ်ခုဆိုတာ သဘောပေါက်ထားပြီး ဖြစ်တယ်လို့ သူကဆိုပါတယ်။ရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့ ရလဒ်ကို နိုင်ငံတွေက မထောက်ခံဖို့ အရေးကြီးကြောင်း၊ အဲဒီ လိမ်လည် လှည့်စားမှုကြီးကို နိုင်ငံတကာက လက်ခံလိုက်မယ်ဆိုရင်မြန်မာ့ အကျပ်အတည်းအတွက် စစ်မှန်တဲ့ အဖြေရှာမှုတွေကို အကုန်လုံး ဆုတ်ယုတ်သွားစေနိုင်ကြောင်းလည်း အန်ဒရူးစ်က သတိပေးသွားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာထူးကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ခန့်အပ်ပေးပြီး လွတ်လပ်စွာ ရပ်တည်လှုပ်ရှားတဲ့ ပညာရှင်အဖြစ် သတ်မှတ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ အဆိုဟာ ကုလသမဂ္ဂကို အမြဲတမ်း တိုက်ရိုက် ကိုယ်စားပြုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

အန်ဒရူးစ်က ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက်တွေ၊လေယာဉ်ဆီတွေနဲ့ငွေကြေးတွေ စီးဝင်နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ရေး ပိုမို အားထုတ်ပေးကြဖို့လည်းထပ်လောင်း တောင်းဆိုခဲ့ပါတယ်။မြန်မာပြည်သူတွေဟာ ကြမ်းကြုတ်တဲ့စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ပြောင်မြောက်တဲ့ သတ္တိကို ပြသခဲ့ကြောင်း၊ ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရဖို့ ထိုက်တန်ကြောင်း၊ လိမ်ညာပြီး ခြယ်လှယ်ထားတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုကိုသဘောတူလိုက်ပြီး သူတို့ကို ဖိနှိပ်သူတွေအောက် ဆက်ပြီး ထားရှိဖို့က မဖြစ်သင့်ကြောင်း အန်ဒရူးစ်က ပြောကြားသွားပါတယ်။

ကိုးကာ-AFP

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။