Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အနုပညာရှင်တစ်ဦးအနေနဲ့နိုင်ငံတကာမှာ ဖော်ထုတ်သွားမယ်ဆိုတဲ့ မေမြတ်နိုး

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ-၂၊၂၀၂၆။ဆဏ်း/People’s Spring

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

“အနုပညာရှင်တစ်ယောက်အနေနဲ့ မြတ်နိုးမှာရှိတဲ့ အသံနဲ့ နိုင်ငံတကာ မြတ်နိုးသွားတဲ့နေရာမှာ မြန်မာနိုင်ငံကဖြစ်စဉ်တွေကို စစ်အာဏာရှင်ရဲ့ ရက်စက်တဲ့ သူတို့ရဲ့လုပ်ရပ်တွေကို အမြဲတမ်းပြောပြီးတော့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီရအောင် မြတ်နိုးတတ်နိုင်တဲ့ ဘက်ကနေ လုပ်သွားမယ်လို့ ကတိပေးပါတယ်။” လို့ မေမြတ်နိုးကပြောပါတယ်။

မေမြတ်နိုးက ဖေဖော်ဝါရီ ၁ ရက်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာဏာသိမ်း ငါးနှစ်ပြည့် “အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” ချီတက်ဆန္ဒပြပွဲမှာ ပြောခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ငါးနှစ်အတွင်းမှာ အရမ်းပင်ပန်းတယ်ဆိုတာ မြတ်နိုးသိပါတယ်။လက်ခံပါတယ်။ အားလုံးလည်း စိတ်ရော လူရောအားလုံး ပင်ပန်းတယ်ဆိုတာ နားလည်ပေမယ့် မြတ်နိုးတို့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ အသက်တွေစတေးလိုက်ရတဲ့ သူရဲကောင်းတွေ ရှေ့တန်းကနေပြီးတော့ မြတ်နိုးတို့ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် တိုက်နေတဲ့သူတွေအတွက် အားတင်းထားမှ ဖြစ်မှာပါ။အားတင်းပြီးနေ့တိုင်းဆက်သွားနေမှဖြစ်မှာပါ။ တစ်ရက်မှ အားလျော့လို့မဖြစ်ပါဘူး။” လို့ ပြည်သူတွေကိုလည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အရှေ့တောင်အာရှအပါအဝင် ကိုရီးယားနိုင်ငံက လက်မခံဘူးဆိုတာလည်း နိုင်ငံတကာက ပြည်သူတွေရဲ့ ထုတ်ဖော်ချက်တွေ ဆန္ဒပြမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီတော်လှန်ရေးမှာ ဒီနေ့ကစပြီး မပါသေးသူတွေကို ဆက်ခေါ်ပေးပါ။ ဆက်သွားပေးပါ။ အားလုံး မြန်မာနိုင်ငံကြီး ဖက်ဒရယ်ဒီမိုကရေစီရရှိပြီးတော့ Human Right ၊Freedom ၊ Justice ရတဲ့ အထိဆက်သွားမယ်လို့ မြတ်နိုးလည်း ကတိပေးပါတယ်။”လို့ မေမြတ်နိုးကပြောပါတယ်။

မေမြတ်နိုးက ယူကေနိုင်ငံမှာ‌ အင်တာနေရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ အနုပညာရှင်တစ်ဦးအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။