Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အနောက်ခြမ်းမှာ စပါးပွဲစားတစ်ဦး လုယက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားကိုကျော်မင်းဦးဟာ ဇန်နဝါရီ၂၂ရက်က ဆိုင်ကယ်နဲ့ရွှေပန်းကုန်းကျေးရွာသွားပြီး စပါးဖိုး ပေးချေဖို့ ကျပ်သိန်း၆၀၀ ကို ငွေလွှဲ၊ငွှေထုတ် လုပ်ငန်းတစ်ခုဆီမှာ ထုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီက နေပြန်လာချိန်ဟာ နေ့လည်၂နာရီ ဝန်းကျင်ရှိပြီး ရွှေပန်းကုန်းကျေးရွာကနေ မဲကုန်းရွာကြားထဲမှာ သေနတ်နဲ့ပစ်ခံရပြီး ဆိုင်ကယ်အရှေ့ကြားထဲထည့်လာတဲ့ ပိုက်ဆံ သိန်း၆၀၀ ကို ယူသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေဟာ ကိုကျော်မင်းဦးရဲ့ ဖုန်း၊ဆိုင်ကယ်နဲ့ ဆိုင်ကယ် တူးဘောက်ထဲက ပိုက်ဆံ တွေဘာမှမယူဘဲ ကျပ်သိန်း၆၀၀ကိုယူပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန် တော်တို့သိရနဲ့အချိန်က ဖြစ် ပြီး၁၅မိနစ် ကျော် လောက်မှာ ဈေးဝယ်ပြီးပြန်လာတဲ့လင်မယားနှစ်‌ယောက်က သူ့ကိုလမ်းမှာ တွေ့တော့ ဆိုင်ကယ်လဲတယ်ထင်ပြီး ဖုန်းဆက်မှ ဆွေမျိုးတွေက လိုက်သွားပြီး ဒီလိုဖြစ်မှန်းသိရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုကျော်မင်းဦး ရုပ်အလောင်းကို ပြန်သယ်ပြီး နာရေးပြုလုပ် ပြီးသွားပြီလို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ယခုလို ဓားပြတိုက်မှုတွေ၊လုပ်ကြံမှုတွေက ဆက်တိုက်ဖြစ်နေပြီး အမှုအားလုံးက သေနတ်ကို အသုံးပြုတာမျိုးတွေ့ရတယ်လို့ သိရပါတယ်။

“ပြည်သူတွေအနေနဲ့ လုံခြံမှုမရှိတော့ဘူးဆိုတဲ့ မက်ဆေ့ကိုပေးချင်တယ်။ဖြစ်ပြီးတဲ့သူကတော့ ဖြစ်ပြီးသွားပြီ။နောက်ထပ် ထပ်မဖြစ်ရအောင် သတိပေးချင်တာပါ”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး မိသားစုဝင် တွေက အမှုဖွင့်တိုင်တန်းတာမျိုး မလုပ်တော့ဘူးလို့လည်း သိရပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာလည်း ကျီးကန် မြောက်ရွာ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်းဟာ တော်လှန်ရေးတပ်တွေများစွာစိုးမိုးထားတဲ့ နေရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။