Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အနောက်ခြမ်းမှာ စပါးပွဲစားတစ်ဦး လုယက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားကိုကျော်မင်းဦးဟာ ဇန်နဝါရီ၂၂ရက်က ဆိုင်ကယ်နဲ့ရွှေပန်းကုန်းကျေးရွာသွားပြီး စပါးဖိုး ပေးချေဖို့ ကျပ်သိန်း၆၀၀ ကို ငွေလွှဲ၊ငွှေထုတ် လုပ်ငန်းတစ်ခုဆီမှာ ထုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီက နေပြန်လာချိန်ဟာ နေ့လည်၂နာရီ ဝန်းကျင်ရှိပြီး ရွှေပန်းကုန်းကျေးရွာကနေ မဲကုန်းရွာကြားထဲမှာ သေနတ်နဲ့ပစ်ခံရပြီး ဆိုင်ကယ်အရှေ့ကြားထဲထည့်လာတဲ့ ပိုက်ဆံ သိန်း၆၀၀ ကို ယူသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေဟာ ကိုကျော်မင်းဦးရဲ့ ဖုန်း၊ဆိုင်ကယ်နဲ့ ဆိုင်ကယ် တူးဘောက်ထဲက ပိုက်ဆံ တွေဘာမှမယူဘဲ ကျပ်သိန်း၆၀၀ကိုယူပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန် တော်တို့သိရနဲ့အချိန်က ဖြစ် ပြီး၁၅မိနစ် ကျော် လောက်မှာ ဈေးဝယ်ပြီးပြန်လာတဲ့လင်မယားနှစ်‌ယောက်က သူ့ကိုလမ်းမှာ တွေ့တော့ ဆိုင်ကယ်လဲတယ်ထင်ပြီး ဖုန်းဆက်မှ ဆွေမျိုးတွေက လိုက်သွားပြီး ဒီလိုဖြစ်မှန်းသိရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုကျော်မင်းဦး ရုပ်အလောင်းကို ပြန်သယ်ပြီး နာရေးပြုလုပ် ပြီးသွားပြီလို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ယခုလို ဓားပြတိုက်မှုတွေ၊လုပ်ကြံမှုတွေက ဆက်တိုက်ဖြစ်နေပြီး အမှုအားလုံးက သေနတ်ကို အသုံးပြုတာမျိုးတွေ့ရတယ်လို့ သိရပါတယ်။

“ပြည်သူတွေအနေနဲ့ လုံခြံမှုမရှိတော့ဘူးဆိုတဲ့ မက်ဆေ့ကိုပေးချင်တယ်။ဖြစ်ပြီးတဲ့သူကတော့ ဖြစ်ပြီးသွားပြီ။နောက်ထပ် ထပ်မဖြစ်ရအောင် သတိပေးချင်တာပါ”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး မိသားစုဝင် တွေက အမှုဖွင့်တိုင်တန်းတာမျိုး မလုပ်တော့ဘူးလို့လည်း သိရပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာလည်း ကျီးကန် မြောက်ရွာ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်းဟာ တော်လှန်ရေးတပ်တွေများစွာစိုးမိုးထားတဲ့ နေရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ်အရှေ့မြောက်ဘက်ကို အာဏာသိမ်းစစ်တပ်ကအောက်တိုဘာလ ၄ ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့အသံနဲ့ ပြည်သူ့သဘောထားကို ဦးစားပေးရပ်တည်ပေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရုပ်ပုံပါ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ဒီကနေ့ (အောက်တိုဘာ ၂) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။