Connect with us

Hi, what are you looking for?

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်နဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း ဒီနှစ်ဝက်အတွင်းပြီးအောင်ရေးဖို့ NUCCလျာထား

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း(AFTA) ရေးဆွဲတာနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် (CPA) ရရှိရေး လုပ်ငန်းစဉ်ကို ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပြီးပြတ်အောင် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အသိပေးပါတယ်။

(ဒီကနေ့ ကျင်းပတဲ့ NUCC သတင်းစာရှင်းလင်းပွဲ။ ဓာတ်ပုံ - Screengrab)

အဖွဲ့အချို့ပါဝင်မှု ရပ်ဆိုင်းတာအပါအဝင် NUCCမှာ ကြီးမားတဲ့ အခက်အခဲ ၇ခုရှိဟုဆို

ဖေဖော်ဝါရီ ၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ မူကြမ်း(AFTA) ရေးဆွဲတာနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် (CPA) ရရှိရေး လုပ်ငန်းစဉ်ကို ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပြီးပြတ်အောင် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အသိပေးပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁ရက်မှာ ကျင်းပတဲ့ NUCC ရဲ့ သတင်းစာရှင်းလင်းပွဲမှာ NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က အခုလို အသိပေးသလို ၂၀၂၅ ခုနှစ်အတွက် ပြည်သူသို့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“၂၀၂၆မှာ အဓိက NUCC က လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် အောင်မြင်မှု တွေအနေနဲ့ဆိုလို့ရှိရင်တော့ လက်ရှိရေးနေတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ … ကို ၂၀၂၆ ပထမ နှစ်ဝက်လောက်အတွင်းမှာ ပြီးအောင် ရေးဖို့ရှိပါမယ်။” လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။ အလားတူ ဘုံနိုင်ငံရေး သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် ကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

AFTAနဲ့ CPA တွေကို စစ်တပ် ရွေးကောက်ပွဲ မကျင်းပမီ ၂၀၂၆ ဒီဇင်ဘာ မတိုင်ခင် ပြီးဖို့ မျှော်မှန်းထားပေမယ့် အခက်အခဲတွေကြောင့်နှောင့်နှေးသွားရခြင်းဖြစ်တယ် လို့ NUCC ကောင်စီဝင်က ပြောပါတယ်။

NUCC ရဲ့ အစီရင်ခံစာမှာ အကြီးမားဆုံးအခက်အခဲတွေအကြောင်း ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ တတိယ အကြိမ်ပြည်သူ ညီလာခံ မကျင်းပနိုင်တာ၊ NUGနဲ့ ချိတ်ဆက်ပေါင်းစပ်နိုင်မှု အားနည်းတာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)စတဲ့အဖွဲ့အချို့ NUCCမှာ ပါဝင်မှု ယာယီရပ်ဆိုင်းတာ၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာအခြေခံဥပဒေ မူကြမ်းရေးဆွဲတာနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရေး လုပ်ငန်းစဉ် တွေ နှောင့်နှေးတာ၊ NUCCမှာ အရပ်ဘက်အဖွဲ့အစည်း CSOsတွေ လွှမ်းမိုးနေတယ်လို့ ဝေဖန်ခံရတာနဲ့ ဆုံးဖြတ်ချက်တွေ နှေးကွေးကြန့်ကြာတယ်လို့ ဝေဖန်ခံရတာ၊ NUCC အနေနဲ့ စတင်ဖွဲ့စည်းချိန်က မူလရည်မှန်းထားတာတွေ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိတာ တို့ ဖြစ်ပါတယ်။

NUCCမှာ ကိုယ်စားပြုပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုမှု လျော့ကျလာတာနဲ့ အဖွဲ့အစည်း တခုချင်းစီရဲ့ ပါဝင်ဆောင်ရွက်မှု တာဝန်ယူတာဝန်ခံမှု လျော့နည်းလာတာတွေက အထက်ပါ အခက်အခဲတွေ ဖြစ်ပေါ်စေတာလို့လည်း NUCCက ဆိုပါတယ်။

ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ အဖွဲ့အစည်း များနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ လုပ်ငန်းစဉ်တွေရှိကြောင်းလည်း ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။

“ယာယီရပ်ဆိုင်းထားတဲ့ အဖွဲ့အစည်းများကိုရော အခြား NUCCမှာ မပါသေးတဲ့ စတိတ်ဟိုဒါတွေ အခြားအဖွဲ့အစည်းတွေ ကို ကျနော်တို့က စဉ်ဆက်မပြတ် အလွတ်သဘောဖြစ်စေ တရားဝင်သဘောဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ အဖြေရှာပြီးတော့ ပြန်ပြီးတော့ပူးပေါင်းနိုင်အောင် ပြန်ပြီးတော့ စုစည်းနိုင်အောင် ဆက်လက်ပြီး ဆောင်ရွက်သွားမှာ လည်းဖြစ်ပါတယ်။ ဒါတွေက လုပ်နေလက်စ လုပ်ငန်းတွေဖြစ်တယ်” လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။

ဒါ့အပြင် KNU၊ KNPPတို့နဲ့ အလွတ်သဘော တွေ့ဆုံနိုင်မှုတွေရှိတဲ့ အကြောင်းလည်း အသိပေးပါတယ်။

“ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေတော့ ဆက်ပြီးတော့ အတူလေးရေးကြရအောင်ဆိုတဲ့ဟာမျိုး ဘုံနိုင်ငံရေး သဘောတူညီချက် ရရှိရေး ဆက်လုပ်ဖို့ ဘယ်လိုဖြစ်နိုင်မလဲ ဆိုတဲ့ဟာမျိုး ကျနော်တို့ အမြဲတွေ့ဆုံပြီးတော့ ပြောဆိုပြီးတော့ ညှိနှိုင်းနေတာတွေလည်း ရှိပါတယ်။” လို့ ဦးတိုးကျော်လှိုင်က ပြောပါတယ်။

အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ပြန်လည်သုံးသပ်ဆောင်ရွက်မှုတွေရှိပြီး အခက်အခဲတွေကို ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်တယ်လို့ NUCC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။