Connect with us

Hi, what are you looking for?

သတင်း

ကရင်နီခေါင်းဆောင် ဦးအောင်ဆန်းမြင့်ကွယ်လွန်မှု NUGနဲ့ NUCC ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်ဟာ ဩဂုတ် ၃၀ရက်မှာ ကွယ်လွန်ခဲ့တာပါ။

ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း NUG ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးခရီးကြမ်းတစ်လျှောက် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အုတ်မြစ်များကို စနစ်တကျချမှတ်ပေးခဲ့ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍများတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ တော်လှန်‌ရေး အင်အားစုများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

” ယခုကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှသော တော်လှန်ရေး အချိုးအကွေ့ကာလတွင် နိုင်ငံရေး အမြော်အမြင်ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာ သဘောထားပြည့်ဝသည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီလူမျိုးများအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစု တရပ်လုံးနှင့် ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်သော ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်” လို့ NUGက ထုတ်ပြန်ပါတယ်။

ဦးအောင်ဆန်းမြင့်ရဲ့ ခိုင်မာတဲ့ နိုင်ငံရေးသန္နိဋ္ဌာန်များ၊ မျှော်မှန်းချက်များနဲ့ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆက်လက် တာဝန်ယူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ NUGက ကတိပြုပါတယ်။

NUCC ရဲ့ ထုတ်ပြန်ချက်မှာလည်း NUCC ကောင်စီဝင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအပေါ် များစွာ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြကာမိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်များအတွက်သာမက ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့တော်လှန်ရေးလုပ်ငန်းစဉ်များအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ ၂၀၂၁ ခုနှစ်၊ နွေဦးတော်လှန်ရေး အစပိုင်းကာလများကတည်းက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဖွဲ့စည်းမှုမှာ ရှေ့တန်းမှတက်ကြွစွာပါဝင်ခဲ့သူဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ခိုင်မာစွာ ပေါင်းကူးဆက်စပ်ပေးခဲ့သော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ကြောင်း NUCCက ဖော်ပြပြီး ဦးအောင်ဆန်းမြင့်ရဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးကြိုးပမ်းဆောင်ရွက်ချက်များကို လေးစားစွာ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဦးအောင်ဆန်းမြင့်ဟာ ဒီကနေ့(ဩဂုတ် ၃၀ရက်) နေ့လယ် ၃ နာရီ၀န်းကျင်က ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါဝေဒနာအတွက် ဆေးဝါးကုသနေစဉ် ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၂)နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်