Connect with us

Hi, what are you looking for?

ကဗျာ

“ခေါင်းစားကြသူများ”

အမြှီးကျက်လည်းခေါင်းစားတာပဲ

ခေါင်းကျက်တော့လည်းခေါင်းစားတာပါပဲ

ခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့

ဒီဘက်ခေတ်စျေးတွေထဲမှာ

ခေါင်းတွေရောင်းကောင်းလိုက်တာ

လူတွေအကုန်လုံး ခေါင်းပဲစားတော့တယ်

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'​အောင်လွန်း' ရေးဖွဲ့တဲ့ “​​​ခေါင်းစားကြသူများ" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

▪️အောင်လွန်း

အမြှီးကျက်လည်းခေါင်းစားတာပဲ

ခေါင်းကျက်တော့လည်းခေါင်းစားတာပါပဲ

ခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့

Public Service Announcement

Public Service Announcement

ဒီဘက်ခေတ်စျေးတွေထဲမှာ

ခေါင်းတွေရောင်းကောင်းလိုက်တာ

လူတွေအကုန်လုံး ခေါင်းပဲစားတော့တယ်

ကြက်ခေါင်းစားတဲ့သူတွေက

ကိုယ့်အိမ်ကကြက်မှန်းသိလည်း

ပါးနီလေးလိမ်းပေးလိုက်ရင်ကို

လက်သီးလက်မောင်းတန်းပြီးခွပ်ကြ

ဝက်ခေါင်းစားတဲ့သူတွေက

ဝက်မှေးလေးမှေးလိုက်

ဂူးဂူးဂဲဂဲအော်မြည်ဝေဖန်လိုက်နဲ့

မလုပ်မရှုပ်မပြုတ် ဇာတ်တွေခင်းကြ

ဆိတ်ခေါင်းစားတဲ့သူတွေက

အချိန်ရှိတိုင်းစားလိုစိတ်နဲ့

စားပွဲပေါ်မှာပွဲတော်တည်ဖို့

ပါးစပ်ပြင် ဟန်ရေးပြ

နွားခေါင်းစားပြီးခွေးလိုတွေးကြ

သူ့ထက်တတ်နိုင်တဲ့သူတွေက

ပုဇွန်ထုတ်ခေါင်းစားပြီး

ပုဇွန်ဆီရောင်စကားလုံးတွေထုတ်ပြကြ

ကောင်းပြီ

ထုံးစံအတိုင်း

ခေတ်ကိုအပြစ်ဖို့ရရင်

အမြှီးကျက်လည်းခေါင်းစားတာပဲ

ခေါင်းကျက်တော့လည်းခေါင်းစားကြတာပါပဲ။

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။

Trending

Facebook