Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်က ကျေးရွာကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ သမင်အင်းကုန်းကျေးရွာက နေအိမ်။ ဓာတ်ပုံ - ပေးပို့

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“ကျောက်တံခါးမြို့စစ်တပ်အထိုင်ချနေရာကနေ ဒရုန်းလာပြီး ကြဲသွားတာ”လို့ ကျောက်တံခါးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်သုံးလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူး ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၃ ရက်က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စစ်တပ်ဖွဲ့ဝင်တွေဟာ ကျောက်တံခါးမြို့နယ် ကညင်ကျိုး ကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ကညင်ကျိုးကျေးရွာ ချိန်းချောင်းပိုင်းနေ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ်နဲ့ စစ်တောင်းမြစ်ဝှမ်းက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ နေ့စဥ်နီးပါး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ပိန်းဇလုတ်မြို့အခြေစိုက် ခမရ-၂၆၄ တပ်ရင်း၊ ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာအခြေစိုက် ခမရ-၃၀၇ တပ်ရင်းနဲ့ နတ်သံကွင်းမြို့က စစ်တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်နေတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း ပဲနွယ်ကုန်းမြို့အထွက်မှာ အထိုင်ချထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ဇရပ်ခင်ကျေးရွာအတွင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။