Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဒရုန်းကြောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA ပြော

အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA အမှတ်(၁)ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက ပြောပါတယ်။

(DKBA တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ (ပုံဟောင်း)။ ဓာတ်ပုံ - DKBA)

ဖေဖော်ဝါရီ−၂၅ ၊၂၀၂၆။ဒလပန်း/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA အမှတ်(၁)ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက ပြောပါတယ်။

“တခြားကိစ္စ ပြောချင်တာမရှိဘူး။သူတို့သွားတာ ကျွန်တော်တို့ မသိရဘူး။ဒါဟာ မတော်တဆလို့ ပြောရမှာပေါ့။ထွေထွေထူးထူးတော့ ပြောဖို့မရှိဘူး။အဲဒီနေရာက စစ်မြေပြင်ဖြစ်တယ်။စစ်ဖြစ်နေတဲ့ နေရာဖြစ်တော့ သွားတော့ ဒီလိုကတော့ ဖြစ်မှာပဲ။ဒီလိုကိစ္စက ဖြစ်တက်တယ်”လို့ ဗိုလ်မှူးကြီးစောတရီးထူးက ပြောပါတယ်။

DKBA တပ်ဖွဲ့ဝင်သုံးဦးသေပြီး အရာရှိ တစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက်က ဖလူး-မဲကနယ် လမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်ရဲ့ ဒရုန်းနဲ့ကြဲမှုကြောင့် DKBAတပ်ရဲ့ အရာရှိတစ်ဦး ဒဏ်ရာရပြီး ရဲဘော် သုံးဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

” တပ်ဖွဲ့ဝင်ပဲ အရာရှိတော့ မဟုတ်ဘူး။ရွာကနေ မြဝတီကို စျေးသွားမလို့။သွားရင်းနဲ့ အဲဒီနေရာက စစ်မြေပြင် ဖြစ်တဲ့အတွက် အဲဒီလို ဘယ်လိုပြောမလဲ ဆိုတော့ စစ်မြေပြင်ဆိုတော့ ရန်သူမိတ်ဆွေခွဲ ခြားလို့ မသိတော့ ဖြစ်သွားတာပေါ့။အဲဒီမှာ ပြည်သူတွေလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်က သုံးယောက် ပြည်သူက နှစ်ယောက်။ထိတာ(ဒဏ်ရာရတာ)ခြောက်ယောက်။တပ်ဖွဲ့ဝင်အရာရှိ တစ်ယောက်ပါတယ်။ကျန်တဲ့ငါးယောက်က ပြည်သူ”လို့ ဗိုလ်မှူးကြီး စောတရီးထူးက လူထုနွေဦးကို ပြောပါတယ်။

ဒါအပြင် ဒီဖြစ်စဥ်အပေါ် DKBAက တုံ့ပြန်ဖို့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။DKBA ဟာစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ဖိတ်​ခေါ်တဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတိုင်းကိုတက်​ရောက်​နေတဲ့ စစ်တပ်နဲ့ နီးကပ်တဲ့အဖွဲ့ဖြစ်ပါတယ် ။တဖက်မှာ အ​မေရီကန်နိုင်ငံသား​တွေကို ဦးတည်ပြီး​တော့ အွန်လိုင်​ငွေလိမ်လုပ်ငန်း​တွေလုပ်တာ​ကြောင့်ဆိုပြီး အ​မေရီကန်အစိုးရက DKBA နဲ့​​ခေါင်း​ဆောင်​တွေကို အ​ရေးယူဒဏ်ခတ်ထားပါတယ်။

သေဆုံးသွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မှာ မီးသဂြိုလ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“သေဆုံးထိခိုက်တဲ့ အရပ်သားတွေက ဘယ်သူမှန်းမသိသေးဘူး”လို့ သူက ပြောပါတယ်။

မဲကနယ်-ဖလူး-ကျောက်ခက်တောလမ်းအနီးဝန်းကျင် ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် စစ်ရေးလှုပ်ရှားတာတွေ ရှိနေတာပါ။

ဒါအပြင် ဒရုန်းနဲ့တိုက်ခိုက်တာ၊လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတာကြောင့် သွားလာရာမှာ အထူးသတိပြုကြဖို့၊ အထူးသဖြင့် အဲဒီလမ်းပိုင်းကို အသုံးပြုတာကို ရှောင်ရှားသွားလာကြဖို့လည်း ဒေသခံအချင်းချင်းကြား သတိပေးတာတွေလည်း ရှိနေပါတယ်။

DKBA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့လည်း တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တာအပြင် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။