Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မှာ ဒေသခံတွေ ဖမ်းဆီးလာတဲ့ စစ်တပ်ကို PDFတိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူ ၂ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF – ၃၆၀၁ တပ်ရင်းက ဒီနေ့ မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။

တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) PPDFမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PPDF

မတ်-၂၊ ၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူ ၂ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF – ၃၆၀၁ တပ်ရင်းက ဒီနေ့ မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။

ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ်ကုန်းဆင်းရွာရောက်နေတဲ့ အင်အား(၁၀၀) ဝန်းကျင်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ ၂ဦးကို ဖမ်းဆီး ပေါ်တာဆွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်မှာ ဖမ်းဆီးထားတဲ့ ဒေသခံ ၂ ဦးကို ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာက ခမရ(၁ဝ)တပ်ရင်းပို့ဖို့ ဆိုင်ကယ် ၅စီးနဲ့ လာခေါ်တဲ့ စစ်ကောင်စီတပ်တပ်ဖွဲ့ဝင်တွေ အပြန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဗျုဟာ ၂၁ ကွပ်ကဲမှုအောက် ပြည်ခရိုင်တပ်ရင်း ( ၁ ) တပ်ခွဲ ( ၄ )နဲ့ တပ်ခွဲ ( ၅ )တို့က လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီစစ်တပ် စစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်အတွင်းကျေးရွာက ဒေသခံတွေကို ဖမ်းဆီး ( ပေါ်တာဆွဲ )နေတဲ့ စစ်ကြောင်းလည်းဖြစ်တယ်လို့ ပြည်ခရိုင်တပ်ရင်း(၁)စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံရဲဘော်Shadow ကပြောပါတယ်။

“အင်အား ၁၀၀ ခန့်နဲ့ ပေါက်တောတပ်ထဲက ထွက်လာပြီးတော့ စစ်ကြောင်းထိုးတဲ့ ပုံစံမျိုး၊ နယ်မြေရှင်းလင်းရေးလုပ်တာမဟုတ်ဘဲနဲ့ အနီးနားကျေးရွာတွေကိုပတ်ပြီးတော့ပေါ်တာဆွဲနေတဲ့ စစ်ကြောင်းပေါ့ ” လို့ ပြောပါတယ်။

ဒေသခံတွေကို ဒေသခံတွေကိုပေါ်တာဆွဲနေတဲ့ စစ်တပ်ဟာ စစ်ကြောင်းကုန်းဆင်းရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook