Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ ဓားပြမှု နဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု​ပေါင်း ၆၀​ကျော်ကျူးလွန်တဲ့ အဖွဲ့ကို ​တော်လှန်​ရေးတပ်​တွေဖမ်းဆီး

ကျူးလွန်သူတချို့ ပျူထဲဝင်သွားကာ လွတ် မြောက်နေသူတွေလည်းရှိ

ဓါတ်ပုံ-မြင်းခြံပကဖ

စက်တင်ဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People’s Spring

မြင်းခြံခရိုင်အတွင်းမှာ ခရီးသည် တွေကို လုယက်ဓါးပြတိုက်တာ ၊အုပ်စုဖွဲ့ ဓမ္မပြုကျင့်နေတဲ့အဖွဲ့ကို PDF ​တွေ၊ပကဖ​တွေကဖမ်းဆီးနိုင်ခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျူးလွန်သူတချို့ဟာ ပျူ​စောထီးအဖွဲ့ထဲ ဝင်ရောက်သွားကာ လွတ်မြောက်နေသူ‌တွေလည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်အတွင်းက မြင်းခြံ- တောင်သာလမ်း၊ညောင်ဦး- မြင်းခြံလမ်းတို့မှာ ​သေနတ်အတုဖြင့် ခရီးသွားပြည်သူတွေရဲ့ကား၊ဆိုင်ကယ် တွေကို အုပ်စုဖွဲ့လုယက်တာ၊အမျိုးသမီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေလုပ်ခဲ့တဲ့ဓားပြအဖွဲ့ဝင် ၄ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၁၁မှု၊ဓားပြတိုက်လုယက်မှု ၅၁ မှုတိုင် ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျန်​​နေသူတွေကို လိုက်လံဖမ်းဆီးဖို့လုပ်ချိန် စစ်တပ်လက်​အောက်ခံပျူစောထီးအဖွဲ့အတွင်း ဝင်ရောက်သွားတာကြောင့်မဖမ်းဆီးနိုင်သေးတဲ့ လူတချို့လည်းရှိတယ်လို့ မြင်းခြံခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

“ဖမ်းမိတာတလနီးပါးရှိပြီ။နောက်ဆက်တွဲဖမ်းဆီးမှု တွေကို တောင်သာမြို့နယ်ပလဖ ဘက်ကိုလွှဲလိုက်တာပါ။တရားခံလွှဲပြောင်းမှု တွေပါလုပ်ခဲ့တယ်။ဒီလူတွေက လုယက်မှု တွေအများကြီးကိုလုပ်ခဲ့တာဗျ”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အုပ်စုဖွဲ့ဓားပြတိုက်မှု ကျူးလွန်သူ တွေဟာသီဟနိုင်၊ ဂျွန်စိုး၊ဖိုးသား၊လပြည့်၊ငသန့်၊ရဲရင့်‌ အောင်၊လပြည့်အောင်၊ရာ‌​ကျော်၊သိမ့်သိမ့်မိုး၊သင်းသင်းမွှေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တို့ဖြစ်တယ်လို့​ဖော်ပြပါတယ်။

အဲဒီအထဲက အဖွဲ့တင်ဝင်တချို့ဖမ်းမိထားပြီဖြစ်ပြီး ကျန်အဖွဲ့ဝင်၅ဦးလွတ်မြောက် နေဆဲဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ထဲက ရဲရင့်အောင်ဆိုသူဟာ စစ်တပ်​လက်​အောက်ခံပျူစောထီးအဖွဲ့ထဲဝင် ရောက်သွားတယ်လို့ သိရပါတယ်။

၎င်းတို့ကျူးလွန်ခဲ့တဲ့ အမှု တွေဟာ ​ဒေသခံပြည်သူတွေ ကြား လူသိမျာား ခဲ့တဲ့ ခရီးသည်တင် ကား( Express ကား) ဓားပြတိုက်မှု၊ကား ပေါ်မှာ မိန်းကလေးငယ်ကိုလည်း အဖွဲ့ဝင် ၃ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်တာမျိုး​တွေလည်းပါဝင်ကာတယ် ။

ဒါ့အပြင် ၂၀၂၆ခုနှစ်၊ဩဂုတ်လမှာလည်း စက်ခါးရွာနဲ့ သံမဏိစက်ရုံကြားမှာ အမျိုးသမီးတဦးစီးလာတဲ့ဆိုင်ကယ်ကို လုယက်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖမ်းမိသူ တွေကထွက်ဆိုထားပါတယ်။

ဒါ့အပြင် တပင်ကန်ရွာအနီးမှာလည်း Light Truckကား ပေါ်ပါလာသူ အမျိုးသမီး၄ဦးကို ဂျွန်စိုး၊ဖိုးသား၊ငသက်၊လပြည့် ဆိုသူတို့က အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။

မြင်းခြံခရိုင်ကို ၂၀၂၅ခုနှစ် ဩဂုတ်လမှာ အင်အား ၄,၀၀၀ကျော်သုံးပြီးစစ်တပ်ကလမ်းပိုင်းတချို့ကို စိုးမိုးနိုင်ခဲ့ပါတယ် ။အဲဒီနောက်ပိုင်းမှာဓားပြတိုက်မှု တွေ ဆက်တိုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပြည်သူ​တွေကို ဓါးပြတိုက် ၊ အဓမ္မပြုကျင့်တာ​​တွေများလာတာ​ကြောင့် တော်လှန်ရေး တပ်တွေက ပူးပေါင်းဖမ်းဆီးခဲ့လုပ်တာမှာ တောင်သာမြို့နယ် ရသစ်ရွာမှာ နေထိုင်တဲ့ ဓားပြတိုက်သူတချို့ကို ကနဦးဖမ်းဆီးမိပြီး နောက်ဆက်တွဲဖမ်းဆီးမှု တွေလုပ်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

Facebook