Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ တော်လှန်ကျောင်းဆရာလုပ်နေတဲ့ နည်းပညာကျောင်းသားဟောင်း ကွယ်လွန်

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

(ပညာရေး Volunteer ကျောင်းဆရာ ကိုထက်ကျော်အား မကွယ်လွန်မီက ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဥ်။ ဓါတ်ပုံံ-ဇေယျာတိုင်းရဲ့ ၅/)

စက်တင်ဘာ ၂၆၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကိုင်းတိုင်း ၅/ လူထုလှုပ်ရှားမှုတွေမှာ အဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့သူ၊ မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း ကိုထက်ကျော်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တော်လှန်ပြည်သူ့ပညာရေး တာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က အသိပေးပါတယ်။

“၉၆ ပါး ရောဂါနဲ့ ဆုံးသွားတာပါ။ စာသင်ပေးနေရင်း နောက်ဖေးသွားတာကြာလို့သွားကြည့်တော့ လဲနေတာ။ အချိန်မမီလိုက်ဘူး”လို့ ဇေယျာတိုင်းရဲ့ ၅/အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုထက်ကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ ခက်ခဲတဲ့ ကာလမှာ သူယုံကြည်ရာ ပြည်သူ့အရေးနဲ့ ပညာရေးအတွက်တတ်နိုင်သမျှ ပါဝင် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒေသလူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ပညာရေးမှာ မဆုတ်မနစ် တာဝန်ယူခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ပေးဆပ်မှုတွေဟာ အတူလက်တွဲခဲ့သူတွေရဲ့ အမှတ်တရတွေထဲ အမြဲ ရှိနေမှာဖြစ်ကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထပ်မံအသိပေးပါတယ်။

“သပိတ်ခေါင်းဆောင်လည်း လုပ်ပါတယ်။ အခုနှစ်တွေမှသာ စစ်အုပ်စုရဲ့ လေကြောင်းက ရက်စက်မှုတွေ ပေါင်းစုံကြောင့် လူထု ဘေးကင်းရေးအတွက် ဦးစားပေးရလို့ မလှုပ်ရှားနိုင်တော့တာပါ”လို့ ၎င်းနဲ့နီးစပ်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အတူဖြတ်သန်းခဲ့တဲ့ ခရီးလမ်း၊ မျှဝေခဲ့တဲ့ ယုံကြည်ချက်တွေနဲ့ ပြည်သူ့အတွက် ကြိုးပမ်းခဲ့မှုတွေဟာ ကျွန်တော်တို့အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေဖြစ်ကြောင်း၊ ရဲဘော် ကိုထက်ကျော် ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရသလို သူပေးဆပ်ခဲ့တာတွေကိုလည်း လေးစားစွာ အမှတ်တရ ဂုဏ်ပြုကြောင်း ဇေယျာတိုင်းရဲ့ ၅/အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ စက်တင်ဘာ ၂၅ ရက်အထိ စစ်အုပ်စုနဲ့ ၎င်းလက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း အတည်ပြုပြီး စုစုပေါင်း သေဆုံးသူ ၈၄၂၇ ဦး ရှိနေပြီး အတည်မပြနိုင်သေးတဲ့သေဆုံးသူ ၅၃၀၀ ခန့် ရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook