Connect with us

Hi, what are you looking for?

သတင်း

အာဆီယံမှာ မြန်မာ​ငွေ​ကြေး​ဖောင်းပွမှုအများဆုံး၊ စီးပွား​ရေးဆက်လက်​နှေး​ကွေးမယ်

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank – ADB)ကထုတ်ပြန်ပါတယ်။

.(၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ​မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းရှိပါတယ်။ဓါတ်ပုံ-AFP )

စက်တင်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank – ADB)ကထုတ်ပြန်ပါတယ်။

အာရှနဲ့ပစိဖိတ်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလေ့လာဆန်းစစ်ချက်အစီရင်ခံစာအရမြန်မာနိုင်ငံဟာပြည်တွင်း မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေတာ နဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chain)ကြာရှည်စွာအနှောင့်အယှက်ဖြစ်နေတာကြောင့် စီးပွားရေး တိုးတက်မှု ပြန်လည်နှေးကွေးနေတာလို့ ADB ရဲ့စက်တင်ဘာ၂၃ရက်ထုတ်ပြန်ချက်က ဆိုပါတယ်။

ပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်တာ၊ ပို့ဆောင်ရေးတုံ့ဆိုင်းမှုတွေ ပြန်လည်ဖြစ်ပေါ်တာနဲ့စီးပွားရေး ဖိအားတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြည်တွင်းမတည်ငြိမ်မှုနဲ့ သဘာဝဘေး အန္တရာယ်တွေကြားက စီးပွားရေးမရေရာမှုက ပိုမိုကြီးထွားလာနေတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ကုန်ဈေးနှုန်းတက်တာကက အဆမတန်မြင့်နေတာကို‌အဓိကပြဿနာဖြစ်နေတာ။နောက် သွင်းကုန်ကန့်သတ်မှုနဲ့ နိုင်ငံခြားငွေရရှိဖို့ ခက်ခဲတာ၊ထုတ်လုပ်မှုကုန်ကျ စရိတ်တက်တာတွေက မြန်မာ့စီးပွားရေးရဲ့အားနည်းချက်ဖြစ်နေတာတွေရဲ့ အကြောင်းအရင်း ဖြစ်နေတာကို ADB ရဲ့ အစီရင်ခံစာမှာတွေ့ရတယ်”လို့ အသက် ၅၀ အရွယ်ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ‌ပြောပါတယ်။

ဒါ့အပြင်ကုန်ကြမ်းတင်သွင်းမှုကန့်သတ်ချက်တွေ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်မားနေတာတွေကြောင့် အခုဘဏ္ဍာနှစ် မြန်မာ့စီးပွားရေးတိုးတက်မှု နှုန်းကို ADB က ၂ ဒသမ ၄ ရာခိုင်နှုန်း ကနေ ၂ ဒသမ ၂ သို့ လျှော့ချသတ်မှတ်လိုက်ပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှု (Inflation)ကြောင့်လည်း ငွေကြေးဖောင်းပွမှုက အရင်နှစ် ထက် ၇ ရာခိုင်နှုန်းပိုတိုးလာတယ်လို့ ADB က ဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာငွေ ကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းရှိပါတယ်။

မြန်မာ နိုင်ငံရဲ့ ငွေကြေးက တခြား အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်းကာပူ၊ ထိုင်း၊ တီမော-လက်စတေ၊ ဗီယက်နမ်) ထက် ငွေကြေးဖောင်းပွမှုနှုန်း (Inflation) သိသိသာသာ အလွန်မြင့်မားနေပြီး ဒုတိယငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ လာအိုထက်​တောင် ၁၅ ရာခိုင်နှုန်း နီးပါး ပိုများနေပါတယ်။

မြန်မာနဲ့ အာဆီယံနိုင်ငံတွေရဲ့ငွေကြေးဖောင်းပွမှုက၂၀၂၆ နှစ်ကုန် နဲ့ လာမယ့်နှစ်အထိ မြင့်မားတဲ့အဆင့်မှာပဲ ဆက်လက်ရှိနေမယ်လို့ ADB က ခန့်မှန်းပါတယ်။

“အရင် နှစ်ရက်လောက်က တစ်သောင်းနှစ်ထောင် ပေးရတဲ့ စားအုန်းဆီက အခုတစ်ပိဿာ နှစ်သောင်း ဖြစ်နေတယ်။ဒါတောင် လွယ်လွယ်ကူကူ၀ယ်မရဘူး”လို့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က အိမ်ရှင်မတစ်ဦးက ကုန်ဈေးနှုန်းတက်နေတဲ့အခြေအနေကို ‌ပြောပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ဖိအားတွေနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပ မတည်ငြိမ်မှု ဘယ်အရာမဆို ထပ်မံဖြစ်ပေါ်လာရင်လည်း မြန်မာ့ ငွေကြေးဖောင်းပွမှုကို ဆက်လက် မြင့်တက်နိုင်လိမ့်မယ်လို့ အစီရင်စာမှာ ပါရှိပါတယ်။

နိုင်ငံခြားငွေ ရရှိနိုင်မှု ပိုမိုဆိုးရွားလာရင် သွင်းကုန် ကန့်သတ်ချက်တွေ ပိုမိုတင်းကြပ်စေနိုင်ပြီး ဖွံ့ဖြိုးရေး အရင်းအမြစ်တွေကိုပါ ကန့်သတ်စေကာ ဆက်လက်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မရေရာမှုတွေ၊ စီးပွားရေး ယုံကြည်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်မှု အလားအလာတွေကို ဆက်လက် ပျက်စီးစေလိမ့်မယ်လို့လည်း ADB က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Facebook