Connect with us

Hi, what are you looking for?

သတင်း

ညီ​နောင်နှစ်​ဖော် ဆွေး​နွေးပွဲ ထူးခြားမှုမရှိ​သေးဟု TNLA ​ပြောခွင့်ရ​ပြော

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြေရှင်းဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးရာ ထူးခြားမှုမရှိ​သေးဘူးလို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

TNLA နဲ့ MNDAA ​ခေါင်း​ဆောင်​တွေ (ပုံ​​ဟောင်းဖြစ်ပါတယ်)

မတ်-၁၉၊၂၀၂၆။/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြေရှင်းဖို့ နှစ်ဖက်ခေါင်းဆောင်တွေ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးရာ ထူးခြားမှုမရှိ​သေးဘူးလို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

“ဒီနေ့အချိန်ထိ ဆွေးနွေးပွဲနဲ့ပတ်သတ်တာတော့ ထူးခြားတာမရှိသေးဘူး။နှစ်ဖက် သွားရောက် တွေ့ဆုံတဲ့ ခေါင်းဆောင်တွေလည်း ပြန်ရောက်လာတာ မရှိသေးဘူး”လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၁၉ရက်ည​နေပိုင်းမှာ People’s Spring ကို​ပြောပါတယ်။

TNLAနဲ့ MNDAAတပ် တာဝန်ရှိသူတွေဟာ မတ်လ ၁၇ရက်နဲ့ ၁၈ရက် ၂ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

TNLA နဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးတာ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ MNDAAတို့ဟာ မတ်လ ၁၆ရက်အထိ ကွတ်ခိုင်မြို့အပြင်ဘက်နဲ့ နန့်ခမ်းမြို့ (၁၂)ကုန်းကြားမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်ခဲ့တယ်လို့ လွေးယေဦးက ပြောထားပါတယ်။ ဒါ့အပြင်TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၆ဖေဖော်ဝါရီလဆန်းမှာ TNLAကကွတ်ခိုင်မြို့မှာ MNDAA တပ်ဆင်ထားတဲ့ CCTV ​တွေကိုဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တင်းမာမှုပိုမိုဆိုးရွားလာပြီး မတ်လ ၁၄ ရက်နေ့မှာတော့ MNDAAတပ်တွေကို TNLAစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာ ဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

MNDAAနဲ့ TNLAတိုက်ပွဲဟာဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေကြောင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တိုင်းက လေးစားအားကျ အတုယူနေကြရတဲ့ TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​လည်း မေတ္တာရပ်ခံတိုက်တွန်းကြောင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ​တွေ​ကြောင့် ကွတ်ခိုင်မြို့နယ်ထဲက ​ကျေးရွာ ၂၀ ခန့်က​ဒေသခံပြည်သူ​တွေထွက်​ပြေးတိမ်း​ရှောင်​နေကြရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။