Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဒေသပေါင်းစုံမှ ပအိုဝ်းများ ပါဝင်ဆောင်ရွက်ရန် PNLO ပန်ကြား

PNLOသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးတို့ ချုပ်ငြိမ်းစေရေးအတွက် ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးက လူမျိုးပေါင်းစုံပြည်သူလူထုနှင့်လက်တွဲဖော်ဆောင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ပန်ကြားခဲ့သည်။

ယ​နေ့(ဒီဇင်ဘာ ၁၁ရက်)တွင်ကျရောက်သည့် PNLO၏ (၇၂)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော် လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ယနေ့ ကာလတွင် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင် စနစ် အမျိုးမျိုးတို့ ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးကို အမျိုးသားတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ခံယူ၍ ပအိုဝ်းအမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ ပအိုဝ်းအမျိုးသား နိုင်ငံရေးပါတီများ စာပေယဉ်ကျေးမှုနှင့် လူငယ်အမျိုးသမီးစသည့် ပအိုဝ်းအရပ်ဘက် လူ့အဖွဲ့ အစည်းများ အပါအဝင်ဒေသပေါင်းစုံ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးက ပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူ လက်တွဲဖော်ဆောင်ပေးရန် အလေးအနက် ပန်ကြားသည် ဟု PNLO၏ ကြေညာ ချက်၌ ဖော်ပြထားသည်။

PNLOသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။