Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဒေသပေါင်းစုံမှ ပအိုဝ်းများ ပါဝင်ဆောင်ရွက်ရန် PNLO ပန်ကြား

PNLOသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးတို့ ချုပ်ငြိမ်းစေရေးအတွက် ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးက လူမျိုးပေါင်းစုံပြည်သူလူထုနှင့်လက်တွဲဖော်ဆောင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ပန်ကြားခဲ့သည်။

ယ​နေ့(ဒီဇင်ဘာ ၁၁ရက်)တွင်ကျရောက်သည့် PNLO၏ (၇၂)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော် လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ယနေ့ ကာလတွင် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင် စနစ် အမျိုးမျိုးတို့ ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးကို အမျိုးသားတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ခံယူ၍ ပအိုဝ်းအမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ ပအိုဝ်းအမျိုးသား နိုင်ငံရေးပါတီများ စာပေယဉ်ကျေးမှုနှင့် လူငယ်အမျိုးသမီးစသည့် ပအိုဝ်းအရပ်ဘက် လူ့အဖွဲ့ အစည်းများ အပါအဝင်ဒေသပေါင်းစုံ အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထု တစ်ရပ်လုံးက ပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူ လက်တွဲဖော်ဆောင်ပေးရန် အလေးအနက် ပန်ကြားသည် ဟု PNLO၏ ကြေညာ ချက်၌ ဖော်ပြထားသည်။

PNLOသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

အောင်ဆုဗွေစခန်း၌ ဆေးဖြတ်နေသူ များအား စစ်ကောင်စီက သတ်ဖြတ်မှုကို ကြားသိရပြီး ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊အသတ်ခံရသူမှာ ၁၂ ဦးမကဘဲ ၁၂၀ ဦးရှိ​ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။