Connect with us

Hi, what are you looking for?

သတင်း

တမူးဒေသအခြေစိုက် NLAတပ်က NUGရဲ့ PDFတပ်ရင်းအဖြစ် ပြောင်းလဲ

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

PDFတပ်ရင်းအဖြစ် ပြောင်းလဲခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေကို အတူတွေ့ရစဉ်။ ဓာတ်ပုံ - MOD

မတ်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

NLA အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုကို ၂၀၂၆ မတ်လ ၂၀ရက်မှာ ခံယူခဲ့ခြင်းဖြစ်ပြီး ကွပ်ကဲမှုခံယူခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

NLAဟာ ၂၀၂၁ ဩဂုတ် ၂၃ရက်မှာ Myanmar Federal Army (MFA)အမည်နဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၃ မတ်လ ၅ရက်မှာ NLAအဖြစ် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာ PDF တပ်ရင်းအဖြစ် ဆက်လက်တိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကွပ်ကဲမှု‌အောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်စေ အမြဲ ကြိုဆိုလျက်ရှိတယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အားလုံး ကွပ်ကဲမှုတခုတည်းအောက် စုစည်းခြင်းကို ၂၀၂၅အတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။ ဒါ့အပြင် တိုင်းစစ်ဌာန စုဖွဲ့မှုတွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ကွပ်ကဲမှုနဲ့ ဆောင်ရွက်တဲ့ ဒေသတွေကို PDF စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုနဲ့ လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့တာရှိခဲ့တယ်လို့ ဆိုပါတယ်။

တပြည်လုံးအနေနဲ့ တိုင်းစစ်ဌာန ၁၀ခု၊ တပ်မ ၁ခုကို တခုတည်းသော ကွပ်ကဲမှုအဖြစ် ၂၀၂၅ အတွင်း တပ်ရင်း ၃၅၉ ရင်းအား ကွပ်ကဲဆောင်ရွက်နိုင်ခဲ့ကြောင်း NUGက အသိပေးပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရုံးချုပ်အား ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ရေးရာ ကိစ္စရပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း စစ်ဘက်ရေးရာ ကိစ္စရပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ကလည်းကောင်း တိုက်ရိုက်ကွပ်ကဲမှုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ ပြည်နယ် ပကဖ ၁၁ဖွဲ့၊ ခရိုင် ပကဖ ၅၄ဖွဲ့ မြို့နယ်ပကဖ ၂၁၂ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲနေတဲ့ ပုံစံအား ပြောင်းလဲခဲ့ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။

သတင်း

၂၀၂၆မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။