Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းသတင်း ပြည်သူတွေအသိပေးဖို့ မြို့နယ် ၅၀မှာ လုပ်မယ့် ပြည်သူ့ရေဒါပရောဂျက်မှာ ပါဝင်ကြဖို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ပြည်သူတွေ ရှောင်ရှားနိုင်ရေး လေယာဉ်လာရာလမ်းကြောင်းတွေ၊ လေယာဉ်ရောက်ရှိရာနေရာတွေကို အသိပေးမယ့် ပြည်သူ့ရေဒါပရောဂျက်ကို မြို့နယ် ၅၀ ခုအတွက် လုပ်ဆောင်သွားဖို့ရှိလို့ ပြည်သူတွေ ပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။

(PDF ရဲဘော်တွေနဲ့အတူ တွေ့ရတဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး။ ဓာတ်ပုံ - Zaw Wai Soe/Fb)

အောက်တိုဘာ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ပြည်သူတွေ ရှောင်ရှားနိုင်ရေး လေယာဉ်လာရာလမ်းကြောင်းတွေ၊ လေယာဉ်ရောက်ရှိရာနေရာတွေကို အသိပေးမယ့် ပြည်သူ့ရေဒါပရောဂျက်ကို မြို့နယ် ၅၀ ခုအတွက် လုပ်ဆောင်သွားဖို့ရှိလို့ ပြည်သူတွေ ပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလုပ်လာတဲ့ အခြေအနေမှာ တော်လှန်ရေးဘက်ကလည်း ပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု လျော့နည်းစေရေး ကြိုးပမ်းလျက်ရှိရာ ပြည်သူ့ရေဒါပရောဂျက်ရဲ့ အစီအစဉ်နဲ့ ဆက်သွယ်ရေးစခန်းတွေ ကို မြို့နယ် ၅ခုမှာ တည်ဆောက်ပြီး လူထုတွေကို လေကြောင်းသတင်း အချိန်နဲ့ တပြေးညီ အသိပေးနိုင်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

“လူမဆန်ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုမှ အကာအကွယ်ပေးကြ” လို့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကသူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပြည်သူတွေ ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရေဒါပရောဂျက်နဲ့ ပြည်သူတွေကို ကာကွယ်ကြဖို့၊ ပြည်သူ့ရေဒါပရောဂျက်မှာ ပါဝင်ခြင်းဖြင့် စစ်ရာဇဝတ်ကောင်များ ဖက်ဆစ်လေတပ်ရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုမှ အကာအကွယ်ပေးကြဖို့ ဝန်ကြီးက ရေးသားထားပါတယ်။

ပြည်သူ့ရေဒါစနစ်ကို ပြည်သူ့စွမ်းအားနဲ့ တည်ဆောက်ကြ ပြီး ရွာတိုင်း မြို့တိုင်း နေရာတိုင်းမှာ အချက်ပေး သံချောင်း၊ အချက်ပေး တုံးမောင်း၊ အချက်ပေး ခရာသံ ပေးနိုင်ဖို့ လူအင်အား ငွေအင်အား ပစ္စည်းအင်အားနဲ့ ပါဝင်ကြဖို့လိုအပ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အခု ပရောဂျက်မှာ မြို့နယ် ၅၀ခုအတွက် တမြို့နယ်လျင် စက်သွယ်ရေးစခန်း ၅ခုတည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် အထိုင်စက်တလုံး ၂၀သိန်းကျပ်၊ လက်ကိုင်စက်တလုံး ၃သိန်းကျပ်၊ အော်ပရေတာ ၁ဦး တစ်လ ၁သိန်းကျပ် တစ်နေ့ လေးဦး စတဲ့ ကုန်ကျစရိတ်တွေရှိကြောင်း အသိပေးပါတယ်။

အဲဒီလို တည်ဆောက်ပြီးပါက စစ်တပ်လေယာဉ် တက်လာတာနဲ့ တပြိုင်နက်တည်း ပြည်သူကို အသိပေးကြမှာလို့ ဆိုပါတယ်။ စစ်တပ်လေယာဉ် ဘယ်မှာပျံနေလဲ ၊ ဖက်ဆစ်လေယာဉ်လာရာလမ်းကြောင်းနဲ့ လေယာဉ် အနီးအနား ရောက်ရှိနေမှု တို့ကို အသိပေးသွားမှာ လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ရှင်းပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ကြုံရတဲ့အခါ အရပ်သားတွေကို ပိုမိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်လျက်ရှိပြီးလတ်တလော ရခိုင်ပြည်နယ်မှာ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူအစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူနေထိုင်ရာတွေသာမက သဘာ၀ဘေးကြုံနေရတဲ့ ဘေးသင့်ဒေသတွေကိုပါ မရှောင် လေကြောင်းဗုံးကြဲတာတွေ လတ်တလော လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်လာနိုင်ရေး လာမယ့်သုံးလာအတွင်း ပိုမိုချိတ်ဆက်မှု လုပ်သွားမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

Facebook