Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူဂန္ဓာက မူကြိုကျောင်းတစ်ခုမှာ ဓားထိုးမှုကြောင့် ကလေးငယ် ၄ ဦးသေဆုံး

ယူဂန္ဓာ နိုင်ငံက မူကြိုကျောင်းတစ်ခုမှာ ကလေး ၄ ဦးဟာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်တာ ခံခဲ့ကြရပါတယ်။

ယူဂန္ဓာ နိုင်ငံက မူကြိုကျောင်းတစ်ခုမှာ ကလေး ၄ ဦးဟာ ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်တာ ခံခဲ့ကြရပါတယ်။

မြို့တော် ကမ်ပါလာမှာ ဧပြီ ၂ ရက်နေ့တုန်းက အဲဒီ ချောက်ချားစရာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ပြီးတော့ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။

မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သံသယ တရားခံဟာ တစ်ချောင်းထက် မကတဲ့ ဓားအရေအတွက်ကို အသုံးပြုခဲ့ကြောင်း၊ သူ့လက်ချက်ကြောင့် ယောက်ျားလေး ၃ ဦးနဲ့ မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ရေချယ်လ် ကာဝါလာက ပြောကြားခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးတွေဟာ တောက်တောက်ပြေး အရွယ်တွေလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရဲတွေက ကျူးလွန်သူရဲ့ ရည်ရွယ်ချက်နဲ့ နောက်ကွယ်က အကြောင်းရင်းတွေကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။

Public Service Announcement

Public Service Announcement

ဒေါသထွက်နေတဲ့ မိဘတွေဟာ သံသယရှိသူကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး လက်လွန်ခြေလွန်တွေ မဖြစ်ခင် ရဲတွေက ကြားဝင် ထိန်းသိမ်းခဲ့ရပါတယ်။

သံသယ တရားခံဟာ အစောပိုင်း တစ်ရက်တုန်းက သူ့ကလေးကို ကျောင်းအပ်မလို့ဆိုပြီး ကျောင်းထဲမှာ သွားရောက်စုံစမ်း မေးမြန်းခဲ့ကြောင်း၊ ကျောင်းဖက်ကလည်း ဧပြီ ၂ ရက်နေ့မှာ နောက်တစ်ခေါက် ပြန်လာဖို့ သူ့ကို ချိန်းဆိုခဲ့ပါတယ်။

အဲဒီနေ့မှာ သူက ကျောင်းအပ်ခငွေ ပေးသွင်းပြီး ကလေးတွေကို စတင်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းလည်း ကာဝါလာက ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ ရှိနေခဲ့တဲ့ နောက်ထပ် ကလေး ၁၀ ဦးကိုတော့ မိဘတွေဆီ ဘေးကင်းကင်းနဲ့ ပြန်လည် အပ်နှံပေးနိုင်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှု အပြီးမှာတော့ အရှေ့အာဖရိက ဒေသတွင်း နိုင်ငံမှာ ကျောင်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ပိုမို ထိရောက်တဲ့ ကြပ်မတ်မှု အစီအမံတွေကို မိဘတွေက တောင်းဆိုလာကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Uganda Police Force

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူဂန္ဓာ နိုင်ငံမှာ အားပေးတဲ့ ဘောလုံးအသင်း ချန်ပီယံ ဖြစ်သွားလို့ အောင်ပွဲခံနေတဲ့ အာဆင်နယ် ပရိသတ်ကို သတ်ဖြတ်သွားသူ တစ်ဦးကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။