Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံဆိုက်ဘာစီးတီးမှာကျောင်းသားအချင်းချင်းဓားထိုးမှုဖြစ်လို့ တစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

ဓာတ်ပုံ - ဝီကီ

စက်တင်ဘာ -၉ ၊၂၀၂၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

မနေ့ ညပိုင်းမှာရတနာပုံဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်ကျောင်းရဲ့အမျိုးသားအဆောင် မှာကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။

ရွှေကျွန်းသာအမျိုးသားအဆောင်တတိယထပ်မှာကျောင်းသားနှစ်ဦး ဆူညံနေတဲ့အတွက်အောက်ထပ်ကကျောင်းသားတစ်ဦးကမဆူဖို့ သွားပြောရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်သားနှစ်ဦးကသူတို့ကိုမဆူဖို့ လာပြောတဲ့ကျောင်းသားကိုထိုးကြိတ်ရာမှာအထိုးခံရတဲ့ကျောင်းသားကအဆောင်ဝရန်တာမှာရှိနေတဲ့ ကြက်သွန်လှီးဓားနဲ့ ထိုးရာမှာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာရကာ စိုးရိမ်ရတယ်လို့သိရပါတယ်။

“ကောင်လေးကို ပြင်စာရဲစခန်းမှာ လာဖမ်းသွားပါတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ဒေသခံကပြောပါတယ်။

ဓားနဲ့ထိုးတဲ့ ကျောင်းသားကိုပြင်ဦးလွင်မြို့နယ် ၊ပြင်စာရွာ ရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။