Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မရှီကထောင်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေ လမ်းဘေးစွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

(မရှီကထောင်လမ်းဆုံမှာ စစ်တပ်က သတ်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသား ၄ဦး ရုပ်အလောင်း။ ဓာတ်ပုံ - CJ)

ဧပြီ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

မရှီကထောင်နဲ့စည်ပင်လမ်းဆုံက ရွှေမြန်မာဆီဆိုင်အနီးမှာ သေနတ်ဒဏ်ရာတွေ၊ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရုပ်အလောင်း ၄လောင်းကို နေ့လယ် ၂နာရီခန့်မှာ လာပစ်သွားတာလို့ ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။

” စစ်တပ်က ကားနဲ့ လာပစ်တာပ။ လူမြင်ကွင်းမှာ ပုံချသွားတာ။ အပြင်မထွက်ရဲကြတော့ သိမ်းမယ့်လူလည်း မရှိဘူး” လို့ မရှီကထောင် ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ထိန်းချုပ်ထားတဲ့ မရှီကထောင်

ဆုတောင်းကုန်းကို စစ်တပ်က ယမန်နေ့ ဧပြီ ၁၃ရက်မနက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းပြီး အနီးကပ် စစ်ကြောင်းထိုးတာကနေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။မရှီက‌ထောင်ဆုတောင်းကုန်းရဲ့ ကာကင်းစခန်းတချို့ကို စစ်ကောင်စီတပ်က သိမ်းယူထားပြီး တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

” အလောင်းတွေက ဘယ်သူဘယ်ဝါလဲ မသိရသေးဘူး။ ပျောက်နေသူတွေရှိပေမယ့် သွားမကြည့်ရဲကြဘူး။ စစ်တပ်က အရပ်သားတွေကို လိုက်ဖမ်းနေတာလည်း ရှိတော့လေ

“လို့ နောက်ထပ်ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ဖားကန့်ဒေသမှာ ယခင်ကတိုက်ပွဲတွေဖြစ်ပွားစဉ်ကလည်း လမ်းသွားလမ်းလာအရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဆုံလမ်းခွတွေမှာပစ်ချခဲ့တာတွေ၊ အမှိုက်ပုံနဲ့ရေတွင်းနေထဲမှာ ပစ်ခဲ့တာတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

မရှီကထောင်ဆုတောင်းကုန်းကို KIAနဲ့KPDFက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်ရွာဘက်ကနေ အင်အားတွေဖြည့်နေပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း Y8လေယာဉ်အသုံးပြုပြီး ဆန်းကြွယ်ရွာထဲကို လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီး တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတာပါ။ဧပြီ ၂ရက်ကတိုက်ပွဲအတွင်း စစ်တပ် ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူခဲ့ပါတယ်။

စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ အရပ်သားအချိို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ရေးဆက်လက် တင်းမာနိုင်လို့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်သတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။