Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၍ ဗိုလ်တစ်ဦးဒဏ်ရာရ

“ဖြစ်စဉ်ကတော့ အဲဒီ ဝီရော်စခန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လှမ်းပစ်တော့ စခန်းအတွင်းကျပြီးပေါက်ကွဲတယ်။ ဗိုလ်တစ်ယောက် ဒဏ်ရာရရှိတယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

မွန်ပြည်နယ် သထုံမြို့နယ်ရှိ စစ်ကောင်စီ၏တပ်စခန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ဗိုလ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက် ညပိုင်းက စစ်ကောင်စီတပ်၏ ဝီရော်စခန်းကို လက်နက်ကြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖြစ်စဉ်ကတော့ အဲဒီ ဝီရော်စခန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လှမ်းပစ်တော့ စခန်းအတွင်းကျပြီးပေါက်ကွဲတယ်။ ဗိုလ်တစ်ယောက် ဒဏ်ရာရရှိတယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရသည်ဟု သတင်းဖော်ပြမှု ရှိသော်လည်း မြေပြင်သို့ ဆက်သွယ်ကြည့်ရာ စစ်ဗိုလ်တစ်ဦးသာ ဒဏ်ရာရသည်ဟု ပြောကြားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂) တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်သည်ဟု ဖော်ပြနေသော်လည်း အောက်ခြေတပ်ဖွဲ့များနှင့် ဆက်သွယ်မှုမရသေး၍ မသိရသေးဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ