Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး၊ မိခင်ဖြစ်သူ ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

(စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်တဲ့နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်မှာ ပါဝင်တဲ့ ကျိုက်ထိုမြို့နယ် အလူးလေးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်ပိုင်းကို စစ်တပ်က စက်တင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်သို့ အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ညောင်ထောက်ရွာ ကွက်သစ်ပိုင်းရှိ တံတားသစ်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ် နေရာတွင် သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲပါတယ်။

Public Service Announcement

Public Service Announcement

မိခင်ဖြစ်သူ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ ကျိုက်ထိုအပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်းက အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၃ရက်ကလည်း KNU တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူအချို့ထိခိုက်မှု ရှိခဲ့ပါတယ်။

စစ်တပ်ဟာ အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။