Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးပစ်လို့ ကလေးငယ် သေဆုံး၊ မိခင်ဖြစ်သူ ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

(စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်တဲ့နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်မှာ ပါဝင်တဲ့ ကျိုက်ထိုမြို့နယ် အလူးလေးကျေးရွာအုပ်စု ညောင်ထောက်ရွာ ကွက်သစ်ပိုင်းကို စစ်တပ်က စက်တင်ဘာ ၆ရက်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်သို့ အခုလို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ညောင်ထောက်ရွာ ကွက်သစ်ပိုင်းရှိ တံတားသစ်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ် နေရာတွင် သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲပါတယ်။

Public Service Announcement

Public Service Announcement

မိခင်ဖြစ်သူ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးရဲ့ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ ကျိုက်ထိုအပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်းက အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၃ရက်ကလည်း KNU တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူအချို့ထိခိုက်မှု ရှိခဲ့ပါတယ်။

စစ်တပ်ဟာ အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။