Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၍ ဗိုလ်တစ်ဦးဒဏ်ရာရ

“ဖြစ်စဉ်ကတော့ အဲဒီ ဝီရော်စခန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လှမ်းပစ်တော့ စခန်းအတွင်းကျပြီးပေါက်ကွဲတယ်။ ဗိုလ်တစ်ယောက် ဒဏ်ရာရရှိတယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

People's Spring
People's Spring

မွန်ပြည်နယ် သထုံမြို့နယ်ရှိ စစ်ကောင်စီ၏တပ်စခန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ဗိုလ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက် ညပိုင်းက စစ်ကောင်စီတပ်၏ ဝီရော်စခန်းကို လက်နက်ကြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖြစ်စဉ်ကတော့ အဲဒီ ဝီရော်စခန်းကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လှမ်းပစ်တော့ စခန်းအတွင်းကျပြီးပေါက်ကွဲတယ်။ ဗိုလ်တစ်ယောက် ဒဏ်ရာရရှိတယ်” ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ငါးဦးဒဏ်ရာရသည်ဟု သတင်းဖော်ပြမှု ရှိသော်လည်း မြေပြင်သို့ ဆက်သွယ်ကြည့်ရာ စစ်ဗိုလ်တစ်ဦးသာ ဒဏ်ရာရသည်ဟု ပြောကြားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂) တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်သည်ဟု ဖော်ပြနေသော်လည်း အောက်ခြေတပ်ဖွဲ့များနှင့် ဆက်သွယ်မှုမရသေး၍ မသိရသေးဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မီးကျည်နှစ်လုံးပြန်လည်ပစ်ခတ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။