မေ ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ် စစ်ကြောင်းက လျှပ်စစ်မီးကြိုးတွေဖြုတ်သွားလို့ ကျေးရွာအချို့ မီးပြတ်တောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မေလ ၁၁ရက်မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းတလျှောက်နဲ့ အမြောက်တပ်အနီးမှာ စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြားနဲ့ ကင်းချ နေရာယူပြီး အမြောက်တပ်အတွင်း ရိက္ခာပို့တာနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကြောင်း၊ အဲဒီစစ်ကြောင်းဟာ မင်္ဂလာကုန်းရွာ ကျောက်စစ်ပုံတောင်ရွာနဲ့ ကြက်မွေးမြူရေးဇုန်နေရာတွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ချဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ဓါတ်တိုင်တွေပေါ် အကုန်တက်ပြီး မီးကြိုးတွေ အကုန်ဆွဲဖြုတ်သွားတာ။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement
စက်သုံးဆီအခက်အခဲတွေရှိနေချိန်မှာ လျှပ်စစ်မီးပါ ဖြတ်တောက်ခံရလို့ အဲဒီကျေးရွာတွေက တောင်သူတွေနဲ့ ဒေသခံပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လ်ို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မေလ ၉ ရက်မှာလည်း အမြောက်တပ်ရင်းကနေ
လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်လို့ မုံရွာမြို့နယ်၊ ဘူးတောင့်ကန်ရွာနေ (၅)နှစ်အရွယ်ကလေးနဲ့အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ ၇ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။


















































