Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၁ လကြာ နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေအပြီး အမေရိကန်ကို ပြန်ရောက်လာတဲ့ လေယာဉ်တင်သင်္ဘောကြီး

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Fordဟာ အမေရိကန်ရဲ့ ဝေးရာမှာ ၁၁ လကြာအောင် စစ်ဆင်ရေး မစ်ရှင်တွေ လှည့်လည် ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောလို့ သတ်မှတ်ခံထားရတဲ့ Fordဟာ အီရန်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သလို ဗင်နီဇွဲလားမှာ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးမှုမှာလည်း အကူအညီ ပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ အဝေးမှာ လေယာဉ်တင် သင်္ဘောတစ်စီးကို ၁၁ လကြာအောင် ဖြန့်ကျက်ထားခဲ့တယ် ဆိုတာဟာ ဗီယက်နမ် စစ်ပွဲကာလနောက်ပိုင်း အကြာဆုံး စံချိန်လည်း ဖြစ်လာပါတယ်။

ကမ္ဘာပေါ်မှာ နည်းပညာပိုင်း ခေတ်ရှေ့အပြေးဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ မေလ ၁၆ ရက်နေ့မှာ အခြံအရံ ဖျက်သင်္ဘော ၂ စီးနဲ့အတူ ဗာဂျီးနီးယားပြည်နယ်ရဲ့ နောဖော့ခ် ရေတပ်စခန်းဆီ ပြန်လည် ဆိုက်ရောက်လာပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောပေါ် လိုက်ပါခဲ့တဲ့ ရေတပ်သား ၅၀၀၀ ရဲ့ မိသားစုတွေကလည်း ကမ်းစပ်မှာ စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့ လာရောက် စောင့်ဆိုင်း နှုတ်ဆက်နေတာကို တွေ့ခဲ့ရပါတယ်။ ရေတပ်သားတွေ အနေနဲ့ မိသားစုဝင်တွေကို မနှစ်က ဇွန်လနောက်ပိုင်း ပထမဆုံး ပြန်တွေ့ရတာ ဖြစ်ပါတယ်။

Fordရဲ့ စစ်ဆင်ရေးကာလ ခရီးစဉ်ဟာ ကြာညောင်းလှသလို စစ်ရေးကိစ္စ မဟုတ်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း ကြုံခဲ့ရပါတယ်။ ဖိအားသုံး ရေပန့်တွေ ချွတ်ယွင်းလို့ အိမ်သာတွေ သုံးမရဖြစ်တာ၊ အဝတ်လျှော်ခန်းမှာ မီးလောင်မှု ဖြစ်တာတွေကြောင့် Fordဟာ ဂရိပိုင် ခရိထ်ကျွန်းမှာ ဆိုက်ကပ်ပြီး အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါသေးတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ Fordကို အချိန်အကြာကြီး ခြံရံ စောင့်ရှောက်ပေးခဲ့ပြီး ဗာဂျီးနီးယားကို အတူပြန်ရောက်လာတဲ့ USS Bainbridge ဖျက်သင်္ဘောပေါ်က ရေတပ်သားတွေကိုပါ ချီးကျူးသွားခဲ့ပါတယ်။

သူက ဖျက်သင်္ဘောပေါ်မှာ ရေတပ်သားတွေကို တွေ့ဆုံခဲ့တဲ့အခါ သူတို့အနေနဲ့ မစ်ရှင်တစ်ခုကို ပြီးမြောက်အောင် တာဝန်ယူခဲ့ရုံ သက်သက်မဟုတ်ဘဲ သမိုင်းတစ်ခုကို ရေးထိုးခဲ့တယ်ဆိုတာ နားလည်စေချင်ကြောင်း၊ အမေရိကန်အတွက် ဂုဏ်ယူစရာတွေ ဖန်တီးပေးခဲ့တာဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Fordဟာ အမေရိကန်ရဲ့ အဝေးမှာ ၃၂၆ ရက်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဗီယက်နမ် စစ်ပွဲနောက်ပိုင်း အချိန်အကြာဆုံး စံချိန်သစ် ဖြစ်လာပါတယ်။ Fordထက်ပိုပြီး အချိန်ကြာကြာ မစ်ရှင်ဖြန့်ကျက် ခံရဖူးတာဆိုလို့ ၁၉၇၃ ခုနှစ်တုန်းက USS Midwayနဲ့ ၁၉၆၅ ခုနှစ်တုန်းက USS Coral Seaတို့သာ ရှိခဲ့ပါတယ်။ Midwayရဲ့ စံချိန်က ၃၃၂ ရက်ဖြစ်ပြီး Coral Seaကတော့ ၃၂၉ ရက်ပါ။

ဒါပေမဲ့ မှတ်သားသင့်တဲ့ အချက်တစ်ခုက USS Nimitz လေယာဉ်တင် သင်္ဘောရဲ့ အမှုထမ်းတွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ တွေတုန်းက အိမ်နဲ့ခွဲခွာပြီး ၃၄၁ ရက် ကြာညောင်းတဲ့ထိ သင်္ဘောပေါ်မှာ ရှိနေခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီတုန်းက ရက်တွေ အများကြီး ပိုကြာသွားရတဲ့ အကြောင်းရင်း တစ်ခုကတော့ သင်္ဘောပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် ကမ်းကပ် ရပ်နားထားစေပြီး အမှုထမ်းတွေကို သီးသန့်ခွဲထားရလို့ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။