Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီမှာ အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ရှိဟု တာဝန်ရှိသူပြော

ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ ရှိတယ်လို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFကိုထောက်ခံကြောင်း ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - MFDMC)

မေ ၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ ရှိတယ်လို့ SCEF အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)စတဲ့ အဖွဲ့ ၆ခုနဲ့ မတ်လ ၃၀ရက်မှာ ကနဦး စုဖွဲ့ထားပါတယ်။ SCEFကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် နဲ့ ဖွဲစည်းမယ်လို့ အသိပေးထားရာ အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ ရှိမရှိ မေးမြန်းချက်အပေါ် ဆလိုင်းထက်နီက အခုလိုဖြေကြားပါတယ်။

SCEF အနေနဲ့ အခုအချိန်မှာ စုဖွဲ့မှု ပိုအားကောင်းအောင်လုပ်ဆောင်နေပြီး အားလုံးပါဝင်နိုင်ရေးကို ဦးတည်ပြီးတော့ ရှေ့ဆက်သွားမယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“SCEF အနေနဲ့ ဘယ်လို စစ်ရေးနဲ့ နိုင်ငံရေဗျူဟာဆွဲပြီးတော့ တခုတည်းသော နိုင်ငံရေးဘုံရည်မှန်းချက်အပေါ် အခြေခံပြီး ရှေ့ဆက်သွားဖို့ နေ့နေ့ညည ဆောင်ရွက်နေပါတယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

မပါဝင်လာနိုင်သေးတဲ့ တချို့အဖွဲ့အစည်းတွေ အမျိုးသမီး အဖွဲ့အစည်းတွေ အင်အားအကြီးအငယ် မဟုတ်ဘဲ ပါဝင်သင့်ပါဝင်ထိုက်တဲ့ဟာတွေကိုချဉ်းကပ်ပြီး ဆွေးနွေးပြီးပြီး အချို့ ပါဝင်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်​တော်တို့ အထဲထဲမှာတော့ အဲဒီမှာပါဝင်တော့မယ့်အဖွဲ့အစည်းတွေရှိပါတယ်။အားလုံးကတော့ SCEF ချဉ်းကပ်ခဲ့သမျှကတော့ အားလုံးကတော့ မူအရတော့ လက်ခံထားကြတယ်လို့ ပြောလို့ရပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

တခုတည်းသော နိုင်ငံရေးဘုံရည်မှန်းချက်နဲ့ စစ်ရေးဖော်ဆောင်မှုမှာ တခုတည်းသော မဟုတ်ရင်တောင်မှ ညှိနှိုင်း ကွပ်ကဲတဲ့ ဦးဆောင်မှု စနစ်ပိုပြီးတော့ ကျစ်လစ်ခိုင်မာဖို့ လိုအပ်တယ်လို့ လည်း ပြောပါတယ်။

SCEFအနေနဲ့အခုရက်ပိုင်းအတွင်းမှာ မန္တလေးဒေသ လွှတ်တော်၊ အုပ်ချုပ်ရေးကောင်စီ ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတိုနဲ့ တွေ့ဆုံပြီး SCEF စုဖွဲမှုမှာ ပါဝင်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့ SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံ ခရီးစဉ် အောင်မြင်စွာပြီးဆုံးကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ဖက်ဒရယ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံရဲ့ အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေ ကြောင်း...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ သံတမန်ရေးရာရှင်းလင်းပွဲ ကို ဇွန်လ ၅ရက်က ကျင်းပခဲ့ရာ နိုင်ငံ ၂၄ခုက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အသိပေးပါတယ်။

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ မေလ ၁၃ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။