Connect with us

Hi, what are you looking for?

သတင်း

ပလက်၀မှာ စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၁ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ၊ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကိုလည်း စစ်တပ် တစ်နာရီ၀န်းကျင်ကြာဗုံးကြဲ

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၂၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

ချင်းပြည်နယ်၊ ပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကိုအာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၈ ရက် မနက် ၁၁ နာရီ၀န်းကျင်လောက်မှာ စစ်တပ်ကဂျက်ဖိုက်တာတစီးနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့တာပါ။

“ဒဏ်ရာရတဲ့သူတွေက ဒေသခံတော့ မဟုတ်ဘူး၊ ခရီးသွားတွေ လမ်းမှာထိသွားတာ။ တယောက်က ပွဲချင်းပြီး သေတယ်။ နောက်နှစ်ယောက်က ဒဏ်ရာနည်းနည်းပြင်းတယ်” လို့ ပလက်၀မြို့နယ် ဆမီးမြို့မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရတဲ့နေရာဟာဆမီးမြို့ နဲ့ဆယ်မိုင်၀န်းကျင်အကွာ ဆမီး-မတူမီလမ်းပေါ် တည်ရှိတာဖြစ်ပြီး စစ်ဘက်နေရာမဟုတ်ဘဲ အရပ်သားတွေ သွားလာနေတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းမှာ စစ်တပ်ကပလက်၀အပါအ၀င်ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး Y 12 ၊ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေလည်း နေ့စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“Y12 နဲ့အကြာကြီးဝဲနေခဲ့သေးတယ်။ကင်း‌ထောက်တာ။ ပြီးမှ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အရပ်သားနေရာမှန်း သိသိကြီးနဲ့ လုပ်တာပါ” လို့ ဆမီးဒေသခံက ပြောပါတယ်။

စစ်တပ်ကပလက်၀မြို့နယ်အပြင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဒါးကိုင်၊ ကြိမ်ခွေမော်ကျေးရွာတွေအနီး၀န်းကျင်ကိုလည်း မေလ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ နှစ်စီး၊ Y12 တစီးနဲ့ တနာရီ၀န်းကျင်ကြာ ဗုံးကြဲခဲ့ပါ​သေးတယ်။

အဲဒီဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိပေမယ့် မပေါက်ကွဲသေးတဲ့ ဗုံးတွေ ကျန်နေခဲ့တာကြောင့် ‌ပြည်သူတွေ စိုးရိမ်၊ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ဗုံးအလုံး ဆယ်ချီတယ်၊သုံးဆယ်လောက်ရှိမယ်၊ ရှောင်တဲ့သူတွေ ရှောင်နေကြတယ်”လို့ပေါက်တောမြို့နယ်ဒါးကိုင်ရွာမှအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်)နဲ့ ကင်းထောက်လေ ယာဉ်တွေ တပြိုင်တည်းသုံးပြီး အုပ်စုဖွဲ့ ဗုံးကြဲတဲ့ ပုံစံ​တွေအရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။