Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၇ ဦးခန့်သေဟုဆို

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

(ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) မှ ရဲဘော်များအား စစ်ဆင်ရေးတခုတွင်တွေ့ရစဥ်။ ဓာတ်ပုံ-BLDF)

မေ ၃၁၊ ၂၀၂၆။ ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

​ပြီးခဲ့တဲ့ မေလ ၂၇ ရက်၊ မနက် ၈နာရီခွဲခန့်က မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာကင်းပုန်းချဖို့ပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက် ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ Black Eagle အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

​အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀ခန့်ပါ စစ်ကြောင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ စစ်တပ်က ၇ ဦးခန့် သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ BLDF က ဆိုပါတယ်။

“တိုက်ပွဲကမိနစ်သုံးဆယ်လောက်ကြာခဲ့ပါတယ်။အကျဆုံးစာရင်း ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ မီတာ လေးဆယ်ငါးဆယ်အတွင်း ပစ်ခတ်ရတာဖြစ်တဲ့အတွက် အတည်ပြုနိုင်ပါတယ်။”လို့ BLDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့က မေလ ၃၀ ရက်မှာ စစ်ကိုင်းမြို့က တပ်မ (၃၃)ကနေ ဝမ်ပေါင်ကုမ္ပဏီသွားမယ့် စစ်ယာဥ်တွေ ထွက်လာခဲ့တဲ့အတွက် အဆိုပါယာဥ်တန်းအတွက် ကင်းပုန်းဝပ်တဲ့စစ်အုပ်စုတွေ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။