မေ ၃၁၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်၊ မနက် ၈နာရီခွဲခန့်က မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာကင်းပုန်းချဖို့ပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက် ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ Black Eagle အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အဆိုပါ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀ခန့်ပါ စစ်ကြောင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Public Service Announcement
တိုက်ပွဲမှာ စစ်တပ်က ၇ ဦးခန့် သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ BLDF က ဆိုပါတယ်။
“တိုက်ပွဲကမိနစ်သုံးဆယ်လောက်ကြာခဲ့ပါတယ်။အကျဆုံးစာရင်း ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ မီတာ လေးဆယ်ငါးဆယ်အတွင်း ပစ်ခတ်ရတာဖြစ်တဲ့အတွက် အတည်ပြုနိုင်ပါတယ်။”လို့ BLDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မနေ့က မေလ ၃၀ ရက်မှာ စစ်ကိုင်းမြို့က တပ်မ (၃၃)ကနေ ဝမ်ပေါင်ကုမ္ပဏီသွားမယ့် စစ်ယာဥ်တွေ ထွက်လာခဲ့တဲ့အတွက် အဆိုပါယာဥ်တန်းအတွက် ကင်းပုန်းဝပ်တဲ့စစ်အုပ်စုတွေ တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

















































