Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်းက အမေရိကန် စစ်စခန်းတွေကို အီရန်တိုက်ခိုက်

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၈ ရက်နေ့တုန်းက ဟောမုဇ် ရေလက်ကြားနားမှာ ကင်းလှည့် ပျံသန်းနေတဲ့ အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို အီရန်က ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး နောက်တစ်နေ့မှာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စစ်စခန်းတွေနဲ့ ရေဒါတွေကို အမေရိကန်က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာတော့ ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အီရန်က ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဂျော်ဒန်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး ဂျော်ဒန်နိုင်ငံရဲ့ ကောင်းကင်မှာ ဒုံးကျည်တချို့ ပျံသန်းသွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာရိန်းမှာတော့ မာနာမာမြို့ထဲမှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီမြို့မှာ အမေရိကန် အမှတ် ၅ ရေတပ်မရဲ့ ဌာနချုပ်စခန်း တည်ရှိနေပါတယ်။

ကူဝိတ် စစ်တပ်ကလည်းပဲ နိုင်ငံ လေပိုင်နက်ကို ခြိမ်းခြောက်လာတဲ့ ရန်လိုတဲ့ ဝေဟင်ပစ်မှတ်တွေကို ကြားဖြတ် ပစ်ချနေရကြောင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

IRGCရဲ့ လေတပ်က အခုတိုက်ခိုက်မှုမှာ တာဝေးပျံသန်းနိုင်တဲ့ လောင်စာခဲတောင့် နည်းပညာသုံး ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း၊ ဂျော်ဒန် လေတပ်စခန်း တစ်ခုမှာ F-35 တိုက်လေယာဉ်တွေ ထားရှိတဲ့ လေယာဉ်ရုံတစ်ခု အပါအဝင် အရေးပါတဲ့ ပစ်မှတ် ၄ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ အမေရိကန်ရဲ့ ရန်စမှုကို လက်တုံ့ပြန်တဲ့ သဘောသာ ဖြစ်တယ်လို့ IRGCက အကြောင်းပြချက် ပေးခဲ့ပါတယ်။ စစ်ဆင်ရေးတွေမှာတော့ ဒေသတွင်းက အမေရိကန် လေတပ်နဲ့ ရေတပ်စခန်းတွေ အပါအဝင် ပစ်မှတ်ပေါင်း ၂၁ ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ပြီးတော့ အမေရိကန်ရဲ့ MQ-9 အမျိုးအစား ဒရုန်းတစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း IRGCက ပြောပါတယ်။

အမေရိကန်က နောက်ထပ် စစ်ရေးအရ ခြိမ်းခြောက်ရန်လိုတာတွေ ရှိလာရင်လည်း တုံ့ပြန် ကိုင်တွယ်ဖို့ လက်အောက်ခံ တပ်ဖွဲ့တွေက အပြည့်အဝ အသင့်ပြင်ဆင်ထားကြောင်း၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို အမေရိကန်ကပဲ တာဝန်ခံရမှာ ဖြစ်ကြောင်းလည်း IRGCက သတိပေးသွားပါတယ်။

IRGCဖက်က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်ကတော့ လောလောဆယ် ဘာမှ မတုံ့ပြန်သေးပါဘူး။

အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီ ၈ ရက်နေ့ ကတည်းက အသက်ဝင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားပေမယ့်လည်း အခုလို အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ပိုမိုကျယ်ပြန့်တဲ့ စစ်ရေး ပဋိပက္ခတွေ ပြန်စလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။