Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို ထောင်ထဲထည့်ထားပုံ ပြကွက်တစ်ခု လူစည်ကားရာ မြို့လယ်ခေါင်မှာ အီရန် ပြသထား

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။

တဟီရန်မှာ အမေရိကန်နဲ့ ထရမ့်ကို ဆန့်ကျင်တဲ့ ဝါဒဖြန့် ဆိုင်းဘုတ်ကြီးတွေကို နေရာအနှံ့ တွေ့ရမြင်ရတာက အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အခုပြကွက်မှာတော့ အီရန် အာဏာပိုင်တွေဟာ လူအများ အာရုံကို ဖမ်းစားနိုင်အောင် ပိုပြီးတော့ အကြံထုတ်ထားပုံ ရပါတယ်။

အီရန် မီဒီယာတွေက အနုပညာ ဖန်တီးမှု တစ်ခုလို့ ရည်ညွှန်းကြတဲ့ ပြကွက်မှာတော့ ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုပေါ်မှာ လူတစ်ဦးကို ချုပ်နှောင်ထားနိုင်ရုံ အချုပ်ခန်း တစ်ခုကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ အချုပ်ခန်းထဲမှာတော့ အိပ်ရာ၊ အိမ်သာနဲ့ လက်ဆေးကန်တွေကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပြီးတော့ အဲဒီအခန်းထဲမှာ ထရမ့်ပုံအတိုင်း ဝတ်စားထားပြီး ထရမ့်ရဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားသူ တစ်ဦးက ဝင်နေပါတယ်။

အဲဒီလူက အချုပ်ခန်းထဲမှာ ရှိနေရင်း ရယ်စရာကောင်းတဲ့ ကြောင်တောင်တောင် အမူအယာတွေကို လုပ်ပြနေပြီး တွေ့မြင်သူတွေက ပွဲကျနေခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ ပြကွက်ရဲ့ အနောက်ဖက် ဆိုင်းဘုတ်မှာတော့ ဝါဒဖြန့် စာသားတွေ၊ အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန် အရပ်သား ပြည်သူတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေ အကြောင်းကို ပရိုဂျက်တာနဲ့ ထိုးပြထားခဲ့ပါတယ်။ အဲဒါတွေက အမေရိကန်ရဲ့ စစ်ရာဇဝတ်မှုတွေလို့လည်း ဆိုင်းဘုတ်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

တဟီရန်မြို့ မြောက်ပိုင်းမှာ တည်ရှိပြီး လူဦးရေ ထူထပ်တဲ့ တာ့ဂျ်ရစ်ရှ် ရင်ပြင်မှာ စီစဉ်ထားတဲ့ ပြကွက်ကို လမ်းသွားလမ်းလာတွေက သဘောကျခဲ့ပြီး အမှတ်တရ selfie ဓာတ်ပုံတွေ ရိုက်နေတာကိုလည်း တွေ့ရပါတယ်။ တချို့ကတော့ ထရမ့်နဲ့ အမေရိကန်ကို ရည်ရွယ်ပြီး ဆဲရေး အော်ဟစ်နေကြပါတယ်။ ဟာသဉာဏ်ရှိတဲ့ တချို့ကတော့ ထရမ့်ပုံတူ သရုပ်ဆောင်နေတဲ့သူကို စိတ်မပူဖို့နဲ့ သူ့ကို အာမခံကြေးပေးပြီး ထောင်ထဲက ထုတ်ပေးမှာမို့ ခဏစောင့်ဖို့ လှမ်းအော်ပြောနေခဲ့ပါတယ်။

အခုပြကွက်ကို စီစဉ်ခဲ့တဲ့ တဟီရန် မြို့တော်စည်ပင်သာယာရေး အာဏာပိုင်တွေကတော့ မြို့ခံတွေ အနေနဲ့ အီရန် အစိုးရက တရားမျှတမှုကို တောင်းယူဖို့ အမြဲတမ်း အားထုတ်နေတယ်ဆိုတာ သတိရစေချင်လို့ အခုလို ဖန်တီးထားတာလို့ ပြောပါတယ်။

ထရမ့်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အီရန်ကို စစ်ပြု တိုက်ခိုက်ခဲ့ပြီး အီရန် အစိုးရ အဓိပတိနဲ့ တခြား ထိပ်တန်း အရာရှိ တော်တော်များများကို လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။ အီရန်က ထရမ့်ကို စစ်ရာဇဝတ်ကောင် တစ်ယောက်လို့ သတ်မှတ်ထားပြီး ကလဲ့စားချေသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် စစ်ကာလအတွင်း အမေရိကန်ဟာ ကျောင်းတစ်ခု၊ မင်္ဂလာ အခမ်းအနား တစ်ခုအပါအဝင် အရပ်ဖက် ပစ်မှတ်တွေကို တမင်တကာ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ အီရန်က စွပ်စွဲထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀...

နိုင်ငံတကာ

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီးနောက်ပိုင်း ဗီဇာပေါင်း ၃၀၀၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း အစိုးရ အနေနဲ့ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူတာမျိုး ဖြစ်စေချင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။