Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၉၊၂၀၂၆။သုည/People’s Spring

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို ဒီကနေ့ နံနက်က ပြုလုပ်ခဲ့ပါတယ်။

ဖားကန့်ပြည်သူတွေက “Lets continue fighting alongside Mother Suu” ၊ “အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” ၊ “မတရား ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်” ၊ “စစ်အာဏာရှင် စနစ်အမြစ်ဖြတ်သည်အထိ ပြည်သူအားလုံးပါဝင်စို့” စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တော်လှန်ရေးအင်အားစု အားလုံး စည်းစည်းလုံးလုံးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ကိုလည်း ဖားကန့်ပင်မသပိတ်က မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နှင်းဆီကမ်ပိန်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ မွေးနေ့ရှင်အတွက် မွေးနေ့ ဆုတောင်းခြင်း၊ မွေးနေ့ရှင် အမေစုနဲ့တကွ အဖမ်းအဆီးခံ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်စေဖို့ ဆုတောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းနီနီတွေပေးဝေခဲ့ပြီး ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မုံရွာမြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တောင်ယာခုတ် လုပ်ငန်းခွင်ထဲမှ ဒေသခံတော​င်သူတွေကို ​နှင်းဆီနီတွေ ဝေငှခဲ့ပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှည “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကို ပြုလုပ်ခဲ့ပြီး မိုးပျံလေပူပေါင်း လွှတ်တင်ခြင်း၊ နှင်ဆီနီတွေ ဝေငှခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းနဲ့ ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယင်းနှင်းဆီလှုပ်ရှားမှုကို တန့်ဆည်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပညာရေး၊ ကျန်းမာရေး ဌာနတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊အဓမ္မစစ်မှုထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာ ပြသဖို့ နှင်းဆီလှုပ်ရှားမှုကို သပိတ်အဖွဲ့တွေ ၊တော်လှန်ရေးအဖွဲ့တွေက ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဘေးကင်းတဲ့နည်းတွေနဲ့ နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။