Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်​မွေး​နေ့မှာ စစ်တပ်ကရန်ကုန်ကိုလုံခြုံရေးတင်းကြပ်ထား

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

(ရန်ကုန်မြို့လယ်တ​နေရာကို​တွေ့ရစဥ်။ ဓါတ်ပုံ-TR)

ဇွန်-၁၉၊၂၀၂၆။တာရာ၊သုည/People’s Spring

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဇွန် ၁၉ ရက်​​​နေ့မနက် အစောကတည်းကစစ်သား​တွေ၊ရဲ​တွေ ၊ စစ်တပ်လက်​အောက်ခံပျူစောထီးတွေဟာ ရပ်ကွက်တွေမှာပါ ကင်းလှည့်နေတယ်လို့ ​ဒေသခံပြည်သူ​တွေက​ပြောပါတယ်။

“မနက်က ဘေလီတံတားနားမှာအပြည့်ပဲ။ စစ်ကားတွေရော ရဲကားတွေရော။ ရပ်ကွက်တွေထဲဆိုရင်ပျူစောထီးတွေပါကင်းလှည့်နေတာ” လို့ အငှားယာဥ်မောင်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပုံမှန်မရှိတတ်တဲ့ ဆူးလေလူကူးခုံးကျော်တံတားပေါ်မှာလည်းစစ်တပ်လက်​အောက်ခံ လက်နက်ကိုင်အဖွဲ့​ဝင် ၁၀ ဦးဝန်းကျင်ဟာ အရပ်ဝတ်​တွေနဲ့ စောင့်ဆိုင်းနေပြီး လူငယ်အချို့ကို စစ်​ဆေး​နေတာတွေ မြင်တွေ့ခဲ့ရပါတယ်။

အလားတူ ဘတ်စ်ကားဂိတ်မှတ်တိုင်တွေမှာလည်း အရပ်ဝတ်တွေနဲ့စောင်ဆိုင်းနေသလို လူသွားလူလာများတဲ့နေရာတွေမှာလည်းစောင့်ဆိုင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

“မိုးလင်းထဲကတော့ ရဲကား၊ စစ်ကားတွေ တောက်လျှောက်ပတ်နေတယ်။ မိန်းလမ်းဆုံတွေဖြစ်တဲ့ မြေနီကုန်း၊ လှည်းတန်း၊ ဆူးလေနားမှာလည်း ရဲကားအချို့ရပ်ထားတာ တွေ့တယ်။ တချို့နေရာတွေမှာ ရဲတွေပဲ မဟုတ်ဘဲ အိမ်စီးကား၊ အရပ်ဝတ်နဲ့ လူအချို့ကိုလည်း တွေ့ရတယ်။ ဒီနေ့က အမေစု​မွေးနေ့ဆိုတော့ နှင်းဆီပန်းပန်ထားသူတွေကို အဓိကထား လိုက်ကြည့်နေတယ်လို့ ကြားပါတယ်။ ပန်းဆိုင်တွေ အနီးအနားမှာလည်း သူတို့လူတွေ ရှိနေနိုင်တော့ နှင်းဆီပန်းဝယ်မယ်ဆို သတိထားစေချင်ပါတယ်” လို့ ရန်ကုန်မြို့ သပိတ်အင်အားစုမှ တော်လှန်လူငယ်တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ပန်းသပိတ်ဖြစ်တဲ့ နှင်းဆီ လှုပ်ရှားမှုကို ပြည်တွင်းမှာ​ရော ပြည်ပမှာပါ ပုံစံမျိုးစုံနဲ့ ဆင်နွှဲလျက်ရှိပါတယ်။

နှင်းဆီလှုပ်ရှားမှု​ ဆိုတာ စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြသဖို့သပိတ်အဖွဲ့​တွေ ၊​တော်လှန်​ရေးအဖွဲ့​တွေကဦး​ဆောင်ပြုလုပ်​ပြသတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင် အာဏာသိမ်းစစ်တပ်ဟာ သူမရဲ့ရန်ကုန်မြို့ကနေအိမ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချခဲ့သလို ပါတီရုံးချုပ်က ဆိုင်းဘုတ်နဲ့အလံကိုလည်း ဖြုတ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 58

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။