Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်​မွေး​နေ့မှာ စစ်တပ်ကရန်ကုန်ကိုလုံခြုံရေးတင်းကြပ်ထား

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

(ရန်ကုန်မြို့လယ်တ​နေရာကို​တွေ့ရစဥ်။ ဓါတ်ပုံ-TR)

ဇွန်-၁၉၊၂၀၂၆။တာရာ၊သုည/People’s Spring

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဇွန် ၁၉ ရက်​​​နေ့မနက် အစောကတည်းကစစ်သား​တွေ၊ရဲ​တွေ ၊ စစ်တပ်လက်​အောက်ခံပျူစောထီးတွေဟာ ရပ်ကွက်တွေမှာပါ ကင်းလှည့်နေတယ်လို့ ​ဒေသခံပြည်သူ​တွေက​ပြောပါတယ်။

“မနက်က ဘေလီတံတားနားမှာအပြည့်ပဲ။ စစ်ကားတွေရော ရဲကားတွေရော။ ရပ်ကွက်တွေထဲဆိုရင်ပျူစောထီးတွေပါကင်းလှည့်နေတာ” လို့ အငှားယာဥ်မောင်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပုံမှန်မရှိတတ်တဲ့ ဆူးလေလူကူးခုံးကျော်တံတားပေါ်မှာလည်းစစ်တပ်လက်​အောက်ခံ လက်နက်ကိုင်အဖွဲ့​ဝင် ၁၀ ဦးဝန်းကျင်ဟာ အရပ်ဝတ်​တွေနဲ့ စောင့်ဆိုင်းနေပြီး လူငယ်အချို့ကို စစ်​ဆေး​နေတာတွေ မြင်တွေ့ခဲ့ရပါတယ်။

အလားတူ ဘတ်စ်ကားဂိတ်မှတ်တိုင်တွေမှာလည်း အရပ်ဝတ်တွေနဲ့စောင်ဆိုင်းနေသလို လူသွားလူလာများတဲ့နေရာတွေမှာလည်းစောင့်ဆိုင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

“မိုးလင်းထဲကတော့ ရဲကား၊ စစ်ကားတွေ တောက်လျှောက်ပတ်နေတယ်။ မိန်းလမ်းဆုံတွေဖြစ်တဲ့ မြေနီကုန်း၊ လှည်းတန်း၊ ဆူးလေနားမှာလည်း ရဲကားအချို့ရပ်ထားတာ တွေ့တယ်။ တချို့နေရာတွေမှာ ရဲတွေပဲ မဟုတ်ဘဲ အိမ်စီးကား၊ အရပ်ဝတ်နဲ့ လူအချို့ကိုလည်း တွေ့ရတယ်။ ဒီနေ့က အမေစု​မွေးနေ့ဆိုတော့ နှင်းဆီပန်းပန်ထားသူတွေကို အဓိကထား လိုက်ကြည့်နေတယ်လို့ ကြားပါတယ်။ ပန်းဆိုင်တွေ အနီးအနားမှာလည်း သူတို့လူတွေ ရှိနေနိုင်တော့ နှင်းဆီပန်းဝယ်မယ်ဆို သတိထားစေချင်ပါတယ်” လို့ ရန်ကုန်မြို့ သပိတ်အင်အားစုမှ တော်လှန်လူငယ်တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ပန်းသပိတ်ဖြစ်တဲ့ နှင်းဆီ လှုပ်ရှားမှုကို ပြည်တွင်းမှာ​ရော ပြည်ပမှာပါ ပုံစံမျိုးစုံနဲ့ ဆင်နွှဲလျက်ရှိပါတယ်။

နှင်းဆီလှုပ်ရှားမှု​ ဆိုတာ စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြသဖို့သပိတ်အဖွဲ့​တွေ ၊​တော်လှန်​ရေးအဖွဲ့​တွေကဦး​ဆောင်ပြုလုပ်​ပြသတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင် အာဏာသိမ်းစစ်တပ်ဟာ သူမရဲ့ရန်ကုန်မြို့ကနေအိမ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချခဲ့သလို ပါတီရုံးချုပ်က ဆိုင်းဘုတ်နဲ့အလံကိုလည်း ဖြုတ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...