Connect with us

Hi, what are you looking for?

သတင်း

မိုးထဲရေထဲက လူထုခေါင်းဆောင်အတွက် ဖားကန့်မှာလုပ်တဲ့မွေးနေ့ပွဲ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၉၊၂၀၂၆။သတိုး/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေက “အမေစုနှင့်အတူ တိုက်ပွဲဝင်ကြ” စာသားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ ၊ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့ တိုက်တွန်းတဲ့စာသားတွေကိုကိုင်ဆောင်ပြီးတောင်းဆိုခဲ့ကြတာပါ။

ဒီနေ့(ဇွန်၁၉) မနက် ဖားကန့်မြို့ မှာ မိုးရွာနေတာ​ကြောင့် မိုး​ရေ​တွေကြားကပဲ ဒီလှုပ်ရှားမှုမှာပါဝင်သူ‌တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ကိတ်ခွဲတဲ့အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက နှင်းဆီလှုပ်ရှားမှု ပြုလုပ်ဖို့ တိုက်တွန်းထားတာကြောင့် ဒီနေ့လှုပ်ရှားမှုမှာပါဝင်သူတွေက နှင်းဆီပန်းတွေ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြပွဲကို ဖားကန့်​မှော်လှည့်သပိတ် စစ်​ကြောင်းကဦး​ဆောင်ပြသခဲ့တာဖြစ်ပြီး ပြည်သူ ဆယ်နဲ့ချီပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။