Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေပုံရကြောင်း သားဖြစ်သူပြော

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

​အောက်တိုဘာ-၂၆၊၂၀၂၆။People’s Spring

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ ခွင့်ပြုချက်အရ မိခင်နဲ့ ဖုန်းဆက်သွယ် စကားပြောခွင့် ရခဲ့တဲ့နောက် ကင်မ်အဲရစ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုထိန်လင်းဟာ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၅ နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မိခင်နဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှု မရှိဘူးဆိုတာ သေချာကြောင်း၊ ရုပ်ပိုင်းအရလည်း ကြံ့ခိုင် သန်မာနေဆဲလို့ ယုံကြည်ရကြောင်း၊ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ စစ်သားတွေ၊ ရဲတွေကလွဲပြီး ဘယ်သူမှ မရှိဘဲ တစ်ဦးတည်း သီးသန့်ခွဲခြား ချုပ်နှောင် ခံထားရပုံပေါ်ကြောင်းသူက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူမရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းမွန်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းမှာလည်း ကျန်းမာသန်စွမ်းပုံရပါတယ်”လို့ကင်မ်အဲရစ်က ပြောပါတယ် ။

“သူမအနားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလွဲရင် တခြားဘယ်သူမှ ရှိပုံမရပါဘူး။ ကျွန်တော် သိထားသလောက်ဆိုရင် သူ့ကို တစ်ယောက်တည်း သီးခြားခွဲထားတာမျိုးနဲ့ ထိန်းသိမ်းထားတာပါ” လို့ ကင်မ်ကဆက် ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ စွပ်စွဲချက် အပါအဝင် မတရားအမှုဆင်မှုတွေနဲ့ ဖမ်းဆီး ထောင်ချထားပြီးလောလောဆယ်မှာတော့နေပြည်တော်က အတိအကျ မသိရနိုင်တဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့ နေရာဟာ နေပြည်တော်က အိမ်တစ်လုံးမှာလို့ ယုံကြည်ရကြောင်း၊ ခြံစည်းရိုး ခတ်ထားပြီး အနီးမှာတော့ ခြုံနွယ်ပိတ်ပေါင်း ထူထပ်တဲ့ မြေကွက်အလွတ် နေရာတစ်ခု ရှိနေကြောင်း သူက ပြောပါတယ်။

ဗြိတိန်မှာ ရှိနေတဲ့ကင်မ်အဲရစ်ဟာ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့် ရခဲ့တာပါ။ မိခင်အသံကို ကြားခွင့်ရခဲ့တာကို ဝမ်းသာနေပေမယ့် အဲဒီလို ခွင့်ပြုပေးခဲ့တာကိုက သူ့မိခင်ကို မတရား ဖမ်းဆီးထားတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ လူထုအမြင်ကောင်းရုံ လှည့်ကွက်တစ်ခုလို့ ကိုထိန်လင်းက ဝေဖန်သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေ ကြည့်ရှုခွင့်၊ ဖတ်ရှုခွင့်လည်း မရလို့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက် ပြောင်းလဲနေသလဲ ဆိုတာကိုတောင် သိပုံမရကြောင်း၊ နိုင်ငံရေးအရ အကွက်ဆင်ပြီး သူ့မိခင်ကို ၅ နှစ်လောက် ဖမ်းဆီး ချုပ်နှောင်ထားရာကနေ ပြန်လွှတ်သင့်နေပြီဖြစ်ကြောင်းကင်မ်အဲရစ်က ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ပြောပါတယ်။

သတင်း

သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။