Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ရေးဆွဲထားတဲ့ ပန်းချီ ၂ကား လေလံတင်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

(လေလံတင်ရောင်းချမယ့် ပန်ချီကား ၂ချပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nu Yin)

ဇွန်-၂၀၊၂၀၂၆။ဆဏ်း/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

“အမေ့မွေးနေ့ထိမ်းအမှတ်၊မြန်မာပြည်ရဲ့လိုအပ်သော နေရာများအတွက်အကျိုးပြုလှူဒါန်းပေးသွားချင်တဲ့ ကျွန်မရဲ့ 81hrsကြာ အထူး ဂုဏ်ပြု ရေးဆွဲခဲ့တဲ့မွေးနေ့ကာလ အမေ့ပန်းချီAuction အစီအစဉ်လေးယခုအချိန်မှ စတင်၍ ၂၁ရက်နေ့ မြန်မာစံတော်ချိန်ည ၁၂နာရီမှာပိတ်သိမ်းပါမယ်။” လို့ ဇွန် ၂၀ နံနက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

လေလံကြမ်းခင်းဈေးအနေနဲ့ ပန်းချီတစ်ကားကို ဒေါ်လာ ၂၀၀၀ သတ်မှတ်ထားပြီး သူမတင်ထားတဲ့ မူရင်းပို့စ် နဲ့ မက်ဆန်ဂျာကနေ လေလံအတွက်ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

လေလံတင်မယ့် ပန်းချီကား‌တွေရဲ့ နာမည်က ပန်းခရမ်းဗေဒါ နဲ့ အမေ့အေးရိပ် ဖြစ်ပြီး မူရင်းဓာတ်ပုံပညာရှင်တွေကိုကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

” အစီအစဥ်အတွက် နောက်ဆုံးအဆင့်ထိပါဝင်အားဖြည့်သူများကိုပန်းချီအနုပညာရှင်မနုယဉ်မှ အသံ/ဖုန်း/ဗွီဒီယိုcallဖြင့်တိုက်ရိုက်ဆက်သွယ်ပါမည်။ကိုယ်တိုင်အတည် ပြုပြီးမှသာဤAuctionအစီအစဉ်လေးကို ပိတ်သိမ်းပါမည်ဖြစ်ပါ ကြောင်း။” လို့ အသိပေးထားပါတယ်။

ဆရာမနုယဉ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁ နှစ်ပြည့် အထိမ်းအမှတ် ပုံတူပန်းချီတွေကို ဇွန် ၁၂ ရက်ကနေစတင်ရေးဆွဲခဲ့တာဖြစ်ပြီး မွေး‌နေ့ကျရောက်တဲ့ ဇွန် ၁၉ ရက် မှာ အပြီးသတ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။