Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့က စစ်​ရှောင်ပြည်သူ​တစ်​သောင်း​ကျော်စားနပ်ရိက္ခာလိုအပ်​နေ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

ဇူလိုင်-၁၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

မေလ၁၁ရက် နေ့ကနေ စပြီ ဒီနေ့အထိမြစ် ခြေမြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေဟာ စစ်တပ်စစ် ကြောင်း တွေကြောင့် စစ်ဘေး ရှောင် နေပြီး ဒေသခံ ၁၀,၀၀၀ကျော် စစ်ဘေး ရှောင် နေရတာဖြစ်ပါတယ်။

ဒါ​ကြောင့်စစ်ဘေးရှောင်ပြည်သူ တွေကို မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူ တွေနဲ့ ပူး ပေါင်းပြီး ‌‌‌‌‌‌‌‌‌‌‌‌‌ကူညီနေသလို အကူအညီလိုအပ်​နေ​သေးတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ ၊မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုထိ စစ်ရှောင်ရတုန်းပါ။အဓိက ကတော့ အစား‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သောက်နဲ့ ပတ်သတ်တဲ့ပစ္စည်း တွေလိုအပ်နေတယ်။မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်ကူညီနိုင်ပါတယ်”လို့ မြို့နယ်လူသားစာနာတာ ဝန်ခံက ပြောပါတယ်။

မေလ၁၁ရက်ကစပြီးမြစ်ခြေ မြိုကို စစ်တပ်စစ်​ကြောင်း​တွေကဝင်ရောက်လာခဲ့ပြီး အမျိုး

သမီးတွေ အပါအဝင် ပြည်သူ ၄၀​ကျော်ကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ဒေသခံ တွေက ပြောပါတယ်။အမျိုးသမီးအချို့ကို စစ်သား​တွေက မသတ်ခင် အဓမ္မပြုကျင့်ခဲ့​တယ်လို့

​ဒေသခံ နဲ့​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။

​မေလဒုတိယပါတ်ကတည်းက ‌‌‌‌‌‌‌‌‌‌ဒေသခံ တွေထွက်​ပြေးတိမ်းရှောင် နေခဲ့ရပြီး မေလ၃၁ ရက်နေ့မှာ​တော့စစ်တပ် စစ်ကြောင်း​တွေ​ခေတ္တပြန်ထွက်သွားတာမို့တော်လှန် ရေးတပ် တွေက မိုင်းရှင်းလင်း​ရေး​တွေလုပ်ပြီးဇွန်လ၃ရက် နေ့မှာကျေးရွာ​တွေက ပြည်သူ တွေကို ပြန်ဝင်ခိုင်းခဲ့ပါတယ်။

ဇွန်လ၁၀ ရက်နေ့မှာမြစ်ခြေရဲစခန်းကို PDF တွေကသိမ်းပိုက်လိုက်ပြီး စစ်တပ်က မြို့ကို လေကြောင်းက နေဗုံးကြဲခဲ့သလို စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်လာတာဖြစ်ပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေပြန်ဝင်လာတာ​ကြောင့် ဒေသခံ တွေဒီ‌ နေ့အထိထပ်မံ ထွက်​ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ ထွက်​ပြေးတိမ်း​ရှောင်​နေရတာကာလ ကြာရှည်လာတဲ့အခါ စစ်​​ဘေး​ရှောင်ပြည်သူ​တွေအတွက်ဘအကူအညီ​တွေ ပိုမိုလိုအပ်လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ရန်ကုန်မြို့မှာ စစ်ရှောင်ရင်း ကိုရင်ဝတ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook