Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ အယ်နီညိုရာသီတု အပြောင်းအလဲကြောင့် စစ်ရှောင်ပြည်သူအချို့ ကျန်းမာရေးထိခိုက်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ အယ်နီညိုကြောင့် ရာသီဥ​​တု အပြောင်းအလဲ မြန်ဆန်နေတာကြောင့် စစ်ရှောင်ပြည်သူအချို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပြီးခဲ့သည့် ဇွန်လအတွင်းက S&C ပရဟိတဆေးခန်းသို့ လာရောက်ပြသနေသော လူနာများအား တွေ့ရစဥ်။ ဓါတ်ပုံံ-S&C)

နိုဝင်ဘာ-၁၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ အယ်နီညိုကြောင့် ရာသီဥ​​တု အပြောင်းအလဲ မြန်ဆန်နေတာကြောင့် စစ်ရှောင်ပြည်သူအချို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း နေ့ဘက်မှာ အယ်နီညိုကြောင့် နေပူပြင်းတာ၊ တစ်ခါတရံ မိုးရွာသွန်းတာနဲ့ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ ဆောင်းဝင်စ အအေးဓာတ်ပါ ထပ်မံဝင် ရောက် လာတာတွေကြောင့် ရာသီဥတုမှာ တစ်ရက်တည်း ရာသီဥတု သုံးမျိုးခန့် ရောထွေးဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ထိုသို့ ရာသီဥတု ရုတ်တရက် ပြောင်းလဲတာနဲ့ ကိုယ်ခံအား ကျဆင်းတာတွေကြောင့် အထူးသဖြင့် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးပြဿနာတွေ အဖြစ်များနေပြီး အဓိကအားဖြင့် အအေးမိဖျားနာတာတွေအပြင် အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ရေယုန်ပေါက်တာ၊ ယားယံတာ စတဲ့ဝေဒနာတွေကိုပါ ခံစားနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဖျားကြတယ်။ ရာသီဥတုဖောက်ပြန်တော့ လူကြီးနဲ့ ကလေးတွေပေါ့နော်။ ရေယုန်ပေါက်တာမျိုးတွေရှိတယ်။ ယားနာပေါက်တာမျိုးတွေ၊ ဖြစ်နေကြတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ S&C မီးဘေးစစ်​ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းတင်ပို့ကန့်သတ်ချက်တွေကြောင့် ဆေးဝါးဝယ်ယူရဖို့ အခက်အခဲတွေ ရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်ကနေ ၁၁ ရက်အထိ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ကချင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး စစ်ကိုင်း၊ မန္တလေ၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ဧရာဝတီ၊ ရှမ်းပြည်၊ ချင်းပြည်၊ အာရက္ခပြည်နဲ့ ကရင်ပြည်တို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး ပဲခူး၊ ဧရာဝတီနဲ့ ရှမ်းပြည်တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပြီး အချိန်အခါမဟုတ် မိုးများရွာသွန်းမှုတွေကြောင့် မိုးလေဝသတိရှိမှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်သတိပြုနိုင်ဖို့ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ပြင်းထန်အယ်လ်နီညိုကြောင့် ၂၀၂၆ အောက်တိုဘာကနေ ၂၀၂၇ ဖေဖော်ဝါရီအတွင်း ဒေသအသီးသီးမှာ ပုံမှန်ထက် အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှုလျော့နည်းတာ၊ ရေရှားပါးတာနဲ့ မီးဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အိမ်ထောင်စုအလိုက် သောက်ရေနဲ့ ရေသိုလှောင်မှု၊ အပူဒဏ်ကာကွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ အပူဒဏ်လျော့ပါးသက်သာစေရေး၊ ရှေးဦးသူနာပြုခြင်းနဲ့ကျန်းမာရေး၊ မီးဘေးလုံခြုံရေးနဲ့ မိုးလေဝသအခြေအနေကို သတိပြုရေး စတဲ့ ကိစ္စရပ်တွေ ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်က YCC ခန်းမမှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပါတယ်။ အဲဒီပွဲမှာ စမ်းရေမိုး ပုံတူ ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာမှာ အမျိုးသမီးတွေ အပြိုင်အဆိုင် လေလံ ဝင်ဆွဲခဲ့ကြတယ်။ နောက်ဆုံးတော့ အမျိုးသမီးတစ်ဦးက...

ဆောင်းပါး

လူသားတို့၏ အသက်၊ စားနပ်ရိက္ခာနှင့် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသည့် ရာသီဥတု အကျပ်အတည်း

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။