Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် – မိုးကောင်းလမ်းပိုင်း ရေကြီးပြီး လမ်းရေကျော်

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

ဇူလိုင်-၂၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

ဖားကန့်နဲ့ မိုးကောင်းမြို့နယ်ကြားက လဝါးရွာနဲ့ ကားမိုင်းကြား၊ ကားမိုင်းနဲ့ မအူပင်ရွာ၊မအူပင်ရွာနဲ့ နန့်ယားရွာကြားမှာ ဒီနေ့ ဇူလိုင် ၂၁ရက် မနက်ပိုင်းကစပြီး ရေကျော်နေတာပါ။

” မိုးကမရပ်။ ဆက်တိုက်နော်။ ရေက အပိုင်းလိုက် ကျော်နေတာ။ ကားတွေက နှစ်ဘက်စလုံး ပိတ်နေတာ” လို့ မိုးကောင်းမြို့ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသမှာ ယခုရက်ပိုင်း မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

ဇူလိုင် ၁၉ရက်မနက်မှာတော့ ရေပိုတက်လာပြီး မြေပြိုလို့ နေအိမ်တွေနဲ့ လမ်းတွေ ပျက်စီးခဲ့ပါတယ်။ လသားအရွယ်ကလေး ၁ဦးလည်း နေအိမ်ပေါ်ကနေ ရေထဲပြုတ်ကျပြီး သေဆုံးသမှုဖြစ်ခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လလယ်ကနေစပြီး ရေကြီးနစ်မြုပ်မှုရင်ဆိုင်ခဲ့ရတာပါ။ ရေကြီးပြီးတဲ့နောက်ပိုင်း မြေပြိုမှုတွေမကြာခဏ ဖြစ်ပွားနေပါတယ်။ ဖားကန့်ဒေသ ရေဘေးနဲ့ မြေပြိုတဲ့ဘေးမှာ လူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဇွန်လ ၁၆ရက်နဲ့ ဇွန်လ၂၁ရက်မှာ တောင်ကျရေနဲ့ မြေပြိုလို့ လူ ၂ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၇ရက်ညက နမ့်မှော်ကျေးရွာမှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။

ကမ်းပါးပြိုလို့ လူ ၁၀ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ဇူလိုင်လ ၃ရက်ကလည်း နမ့်မှော်ရွာမှာ မြေစာပုံထပ်ပြိုလို့ လူ ၇ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ဒါအပြင် ဇူလိုင် ၁၈ရက်ကလည်း မြေစာပုံထပ်ပြိုလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ယနေ့ ဇူလိုင် ၂၁ရက်မှာတော့ ဖားကန့်မြို့နယ်မှာ မိုးသိပ်မရွာတော့သလို ‌ရပ်ကွက်တွေထဲက ရေတွေလည်း စတင်ကျဆင်းနေပြီး ရေတိုက်စားလို့ လမ်းတွေအပျက်အစီးများတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ‌အားဆက်ကောင်းနေပြီး ဒေသအများစု မိုးဆက်ရွာနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၂၀ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်အပြင် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်မိုးကြီးခြင်းနဲ့လျှပ်တစ်ပြက် ရေကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ MoSLAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

တရုတ်ဘက်က​ရေကာတာဖွင့်ချနိုင်လို့ ​ရွှေလီမြစ်ကမ်းတ​လျှောက်​ရေကြီးနိုင်တယ်လို့အရပ်ဘက်အဖွဲ့​အစည်းတွေသတိ​ပေး

သတင်း

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

Facebook