Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုဒီ့အိမ်ရှေ့မှာ ဆန္ဒပြတဲ့ အိန္ဒိယ အတိုက်အခံခေါင်းဆောင် အဖမ်းခံရ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

အိန္ဒိယ အစိုးရကို သရော်လှောင်ပြောင်ရင်း လူငယ်တွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုသစ် တစ်ခုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာတဲ့ ပိုးဟပ်လှုပ်ရှားမှုကို ထောက်ခံရပ်တည်ပြီး ဇူလိုင် ၂၁ ရက်နေ့တုန်းက မိုဒီရဲ့ အိမ်ရှေ့နားမှာ ထိုင်သပိတ် ဆင်နွှဲနေတုန်း ဂန္ဒီကို ရဲတွေက ယာယီ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ အတိုက်အခံ ကွန်ဂရက်ပါတီ အကြီးအကဲဖြစ်သူ ဂန္ဒီက မိုဒီဟာ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေသူလို့ စွပ်စွဲပြီး ရာထူးက နုတ်ထွက်ရမယ်လို့ ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် ဂန္ဒီကို ရဲတွေဖမ်းခဲ့တဲ့ နေ့မှာပဲ ထောင်သောင်းချီတဲ့ ဆန္ဒပြ လူငယ်တွေဟာ ဒေလီမြို့တော် အလယ်က သီးခြားနေရာတစ်ခုမှာ စုဝေးခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်တုန်းက ဒေလီမှာ ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ ဆန္ဒပြတဲ့ လူငယ်တွေကို ရဲတွေက တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြု လူစုခွဲ ဖြိုခွင်းခဲ့တာကြောင့် ၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှု အပြီးမှာတော့ အွန်လိုင်း နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်ပြီး အာဏာရပါတီရဲ့ နာမည်နဲ့ ခပ်ဆင်ဆင် တုပမှည့်ခေါ်ထားတဲ့ ပိုးဟပ်ဂျန်တာပါတီ (CJP)က လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ချီတက် ဆန္ဒပြပွဲတွေလုပ်ဖို့ တောင်းဆိုတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ပိုးဟပ်လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဟာ ဇူလိုင် ၂၁ ရက်နေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

ဂန္ဒီကတော့ သူ့ပါတီဟာ မိုဒီရဲ့ အိမ်ကို ပစ်မှတ်ထား ဆန္ဒပြဖို့ ရွေးချယ်ခဲ့ကြောင်း၊ မိုဒီဟာ ကျောင်းသား လူငယ်တွေရဲ့ အသံကို နားစွင့်ပေးဖို့ မျက်ကွယ်ပြုထားရုံသာ မကဘဲ ဆန္ဒပြတဲ့ ကျောင်းသားတွေ အပေါ်မှာလည်း ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မိုဒီရဲ့ အစိုးရဟာ လက်ရှိ အရှုပ်အထွေးတွေအတွက် ဘာမှ တာဝန်ယူ၊ တာဝန်ခံတာမျိုး မရှိတဲ့အပြင် လွှတ်တော်မှာ ဒီအကြောင်း ဆွေးနွေးဖို့ကိုတောင် ရှောင်လွှဲနေတယ်လို့လည်း ဂန္ဒီက စွပ်စွဲခဲ့ပါတယ်။

အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ ဂန္ဒီကို ရဲတွေက ထိုင်သပိတ် နေရာကနေ အတင်းအကျပ် ခေါ်ထုတ်သွားတာကို တွေ့ရပါတယ်။ ရဲတွေက လူအုပ်ကို တွန်းဖယ်ပြီး ဂန္ဒီကို ဘတ်စ်ကား တစ်စီးပေါ် တင်ခေါ်ပြီး မောင်းထွက်သွားတာပါ။ ဂန္ဒီကို ထောက်ခံသူတွေက ဘတ်စ်ကားပေါ် လိုက်တက်ဖို့ ကြိုးစားတာကြောင့်လည်း အဲဒီနေရာမှာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ခဲ့ပါတယ်။

သူ့ကို အာဏာပိုင်တွေက အတင်းအကျပ် ဖမ်းဆီးခဲ့တဲ့ ဓာတ်ပုံတွေကို နောက်ပိုင်းမှာ ဂန္ဒီက လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပြီး သူ့ရဲ့ ဆန္ဒပြ လှုပ်ရှားမှုက မပြီးဆုံးသေးဘူးလို့ ပြောပါတယ်။ ဂန္ဒီရဲ့ ညီမဖြစ်ပြီး ကွန်ဂရက် ပါတီရဲ့ မဟာဗျူဟာ အခင်းအကျင်းတွေမှာ အဓိကကျတဲ့ ပရီယန်ကာ ဂန္ဒီဟာလည်း အဲဒီနေ့က ရဲတွေရဲ့ ယာယီ ထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။